• Follow Us on
Latest News

Home ရေငုပ်သင်္ဘောရောင်းဝယ်ရေးပျက်ပြားမှုနှင့်ပတ်သက်၍ ပြင်သစ်အစိုးရက သြစတေးလျအစိုးရထံ လျော်ကြေး တောင်းရန် စီစဉ်နေ

ရေငုပ်သင်္ဘောရောင်းဝယ်ရေးပျက်ပြားမှုနှင့်ပတ်သက်၍ ပြင်သစ်အစိုးရက သြစတေးလျအစိုးရထံ လျော်ကြေး တောင်းရန် စီစဉ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

သြစတေးလျအစိုးရက AUKUS သုံးပွင့်ဆိုင်ကာကွယ်ရေးစာချုပ်တွင် ပူးပေါင်းပါဝင်ခဲ့သည့်အချိန်တွင် ဒေါ်လာ ဘီလျံ ၉၀ တန်ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ပျက်ပြားသွားပြီးနောက် သြစတေးလျအစိုးရထံ ပြင်သစ် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Naval Group ကုမ္ပဏီက လျော်ကြေးတောင်းရန် ပြင်ဆင်နေ ကြောင်းသိရသည်။

 

လျော်ကြေးတောင်းဆိုသည့်စာကို လာမည့်သီတင်းပတ်များအတွင်း သြစတေးလျအစိုးရထံ ပေးပို့သွားမည်ဖြစ် ကြောင်း Naval Group ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ပီယာယီအီရစ်ပွမ်မဲလ်လတ်က လီဖာဂါရိုသတင်းစာကို ပြောသည်။

 

Naval Group ကုမ္ပဏီသည် ဒီဇယ်အင်ဂျင်တပ်ရေငုပ်သင်္ဘော ၁၂ စီးတည်ဆောက်ပေးရန် သဘောတူစာချုပ် ကို သြစတေးလျအစိုးရနှင့် ၂၀၁၆ ခုနှစ်က ချုပ်ဆိုခဲ့သည်။ သို့သော် လွန်ခဲ့သည့်သီတင်းပတ်က သြစတေးလျ နိုင်ငံက အမေရိကန်၊ ဗြိတိန်တို့ပါဝင်သည့် AUKUS သုံးပွင့်ဆိုင်ကာကွယ်ရေးစာချုပ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ ယင်းသို့ပါဝင်ခဲ့သည့်အတွက် သြစတေးလျနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများပိုင်ဆိုင် ခွင့်ရမည်ဖြစ်ပြီး နည်းပညာများပါ ရရှိမည်ဖြစ်သည်။

 

ရေငုပ်သင်္ဘောစီမံကိန်းအသစ်ကို ခေတ်မီတိုးတက်အောင်ဆောင်ရွက်ရန် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့်စာချုပ် အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်နံနက်ပိုင်းက သြစတေးလျအစိုးရက ၎င်းအားပြော ဆိုခဲ့ကြောင်း အမှုဆောင်အရာရှိ ပွမ်မဲလ်လတ်က ပြောသည်။

 

“ကျွန်တော်တို့ အတော်လေး တုန်လှုပ်သွားတယ်။ ကျွန်တော်တို့ကို ဘာမှကြိုတင်သတိပေးတာမျိုးမရှိဘဲ သူတို့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာဗျ။ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတဲ့ကုမ္ပဏီဆိုတာ အတော်လေး ရှားပါလိမ့် မယ်ဗျာ။” ဟု ပွမ်မဲလ်လတ်က ပြောသည်။

 

ရှယ်ယာအများစုကို ပြင်သစ်အစိုးရကပိုင်ဆိုင်ထားသည့် Naval Group ကုမ္ပဏီသည်  လက်ရှိကုန်ကျစရိတ်နှင့်  အနာဂတ်ကုန်ကျစရိတ်များအတွက် သြစတေးလျအစိုးရထံမှ လျော်ကြေးတောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

သြစတေးလျအစိုးရကပေးဆောင်ရမည့်လျော်ကြေးငွေပမာဏမှာ ဒေါ်လာ သန်း ၄၅၀ ခန့် ရှိမည်ဖြစ်ကြောင်း ကာကွယ်ရေးကျွမ်းကျင်သူများက ခန့်မှန်းတွက်ချက်ထားကြသည်။

 

Ref: French company to bill Australia over axed submarine project

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: French company to bill Australia over axed submarine project

 

#PeopleMedia


Share this post