• Follow Us on

Home တရုတ်လွှမ်းမိုးကြီးစိုးမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာစဉ် အင်ဒို-ပစိဖိတ်ဒေသတွင်းခေါင်းဆောင်များ အစည်းအဝေးကို ဂျိုးဘိုင်ဒန်လက်ခံကျင်းပမည်

တရုတ်လွှမ်းမိုးကြီးစိုးမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာစဉ် အင်ဒို-ပစိဖိတ်ဒေသတွင်းခေါင်းဆောင်များ အစည်းအဝေးကို ဂျိုးဘိုင်ဒန်လက်ခံကျင်းပမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

မဟာမိတ်နိုင်ငံများကရော ပြိုင်ဘက်နိုင်ငံများကပါ အဆက်မပြတ်ဝေဖန်မှုများကို ရင်ဆိုင်နေရသည့် သံတမန် အကျပ်အတည်းနေ့ရက်များကို အဆုံးသတ်ရင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အင်ဒို-ပစိဖိတ်ဒေသတွင်း ခေါင်းဆောင်များကိုစုဝေး၍ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စီစဉ်လျက် ရှိသည်။

 

အိန္ဒိယ၊ ဂျပန်၊ သြစတေးလျနိုင်ငံမှ ခေါင်းဆောင်များနှင့် အမေရိကန်အစိုးရတို့၏တွေ့ဆုံပွဲသည် အမေရိကန်အ စိုးရ၏နိုင်ငံခြားရေးမူဝါဒရည်ရွယ်ချက်အပေါ် အထူးအာရုံစိုက်နိုင်ရန်အတွက် အမေရိကန်အစိုးရအား အခွင့်အ လမ်းပေးလိုက်ခြင်းဖြစ်သည်။ တရုတ်အစိုးရ၏ စီးပွားရေးကဏ္ဍတွင် အင်အားသုံးကျင့်သုံးခြင်းနှင့် ဒေသတွင်း စစ်ရေးအရ မတည်ငြိမ်အောင်ပြုလုပ်ခြင်းတို့ကို အမေရိကန်အစိုးရက ရင်ဆိုင်ရာတွင် ပစိဖိတ်ဒေသသို့ အာရုံ စိုက်လာစေရန် အခွင့်အလမ်းပေးလိုက်ခြင်းဖြစ်သည်။

 

နိုင်ငံ့ခေါင်းဆောင်လေးဦးတွေ့ဆုံပွဲတွင် ရာသီဥတုပြောင်းလဲမှုများ၊ COVID-19 ကိုင်တွယ်ထိန်းချုပ်ရေးနှင့် ဆိုင် ဘာလုံခြုံရေးကိစ္စများကိုလည်းဆွေးသွားရန် မျှော်လင့်ထားကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျတို့၏ သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်အစိတ်အပိုင်း တစ်ခုအဖြစ် အမေရိကန်က သြစတေးလျနိုင်ငံအား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများထောက်ပံ့ ပေးအပ်မည့်အစီအစဉ်ကို ဂျပန်အစိုးရနှင့် အိန္ဒိယအစိုးရတို့က ကြိုဆိုလိုက်ကြောင်းသိရသည်။

 

အဆိုပါနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများရရှိပါက သြစတေးလျရေတပ်အနေဖြင့် ဒေသတွင်း ပိုမို အင်အားကောင်းလာမည်ဖြစ်ပြီး တရုတ်ရေတပ်အတွက် နေမထိထိုင်မသာဖြစ်လာမည်ဖြစ်သည်။ ယင်းကြေညာ ချက်ကြောင့် သြစတေးလျနှင့် ဒေါ်လာ ၆၆ ဘီလျံတန် ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောများ ရောင်းဝယ်ရန် စာ ချုပ်ချုပ်ထားသည့် ပြင်သစ်နိုင်ငံအနေဖြင့် ဒေါသထွက်ခဲ့ရပြီး အမေရိကန်အစိုးရသည် နောက်ကျောကိုဓားနှင့် ထိုးသောအစိုးရဖြစ်ကြောင်း ပြောဆိုဝေဖန်ခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်တို့ ဗုဒ္ဓဟူးနေ့တွင် စကားပြောဆိုပြီး အင်ဒို-ပစိဖိတ်ဒေသရေးရာနှင့်ပတ်သက်၍ ပိုမိုနီးကပ်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးအတွက် တစ် ဆင့်ချင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များကြား တင်းမာမှုများမှာ ပြေ လျော့ခဲ့သည်။

 

သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်သည် ပစိဖိတ်ဒေသတွင်း နောင်အနှစ် ၅၀ ကြာအောင် ရေတပ်စွမ်းအင်လမ်း ကြောင်းများကို ပြန်လည်သတ်မှတ်မည်ဖြစ်သာကြောင့် ဂျပန်နှင့် အိန္ဒိယနိုင်ငံများက သုံးပွင့်ဆိုင်မဟာမိတ် စာချုပ်ကို ကြိုဆိုကြခြင်းဖြစ်ကြောင်း သမ္မတဂျော့ဒဗလျူဘုရှ်လက်ထက်က အမျိုးသားလုံခြုံရေးကောင်စီ၊ အာရှ တိုက်ဆိုင်ရာထိပ်တန်းဒါရိုက်တာတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ မိုက်ကယ်ဂရိန်းကပြောသည်။

 

Ref: Biden hosts Indo-Pacific leaders as China concerns grow

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 



 


 

Ref: Biden hosts Indo-Pacific leaders as China concerns grow

 

#PeopleMedia


Share this post