• Follow Us on
Latest News

Home ဗလီတစ်ခုအတိုက်ခံရပြီးနောက် အိုင်အက်စ်စခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တာလီဘန်များပြော

ဗလီတစ်ခုအတိုက်ခံရပြီးနောက် အိုင်အက်စ်စခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တာလီဘန်များပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

အိုင်အက်စ်အဖွဲ့ကပြုလုပ်သည်ဟု သံသယရှိသော လူငါးဦးသေဆုံးခဲ့သည့် ဗလီဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ ပြီးနောက် တာလီဘန်များက အိုင်အက်စ်စခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အောက်တိုဘာလ ၄ ရက် နေ့က ပြောကြားလိုက်သည်။

 

တာလီဘန်တိုက်ခိုက်ရေးသမားများသည် အောက်တိုဘာလ ၃ ရက်နေ့ညနေပိုင်းက မြို့တော်ကဘူးမြောက်ပိုင်း တွင် အဆိုပါစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာမူဂျာဟစ် က ပြောသည်။

 

“အလွန်တိကျပြတ်သားပြီး အောင်မြင်မှုရခဲ့တဲ့ စစ်ဆင်ရေးရလဒ်အဖြစ် အိုင်အက်စ်စခန်းတစ်ခုကို လုံးဝဖျက်ဆီး ပစ်ခဲ့ပြီး အဲဒီမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ဝင်အားလုံးကို ချေမှုန်းသုတ်သင်ခဲ့ပါတယ်။” ဟု မူဂျာဟစ်ကပြောသည်။

 

အဆိုပါအိုင်အက်စ်စခန်းကို ဝင်ရောက်စီးနင်းသည့်အချိန်တွင် ကဘူးမြို့တော်၌ ပေါက်ကွဲသံများနှင့် သေနတ်သံ များကြားခဲ့ရကြောင်း မျက်မြင်သက်သေများနှင့် AFP သတင်းထောက်များကပြောကြားလိုက်ပြီး လူမှုကွန်ရက် ပေါ်၌တင်ထားသည့်ဓာတ်ပုံများတွင် ကြီးမားသောပေါက်ကွဲမှုပုံနှင့် မီးလောင်ကျွမ်းနေသည့်ပုံကို တွေ့ရသည်။

 

တာလီဘန်တိုက်ခိုက်ရေးသမားအမြောက်အမြားက ၎င်းအိမ်အနီးရှိအဆောက်အဦသုံးခုကိုတိုက်ခိုက်ခဲ့ကြောင်း ကဘူးဒေသံအစိုးရဝန်ထမ်း အဗ္ဗဒူရာဟာမန်က AFP သတင်းဌာနကိုပြောသည်။

 

“တိုက်ပွဲက အချိန်အတော်ကြာကြာဖြစ်ပွားနေခဲ့တာပါ။ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြောင့် တစ်ညလုံး အိပ်လို့မရဘူးဗျ။ တာလီဘန်တွေက သူတို့ အိုင်အက်စ်တွေကို လိုက်ရှာဖွေနေတာလို့ပြောပါတယ်။ အိုင်အက်စ် တွေ ဘယ်နှယောက်သေပြီး ဘယ်နှယောက်ဖမ်းမိသွားတယ်တော့ မပြောတတ်ဘူးဗျ။ ဒါပေမဲ့ တိုက်ပွဲကတော့ အတော်လေးပြင်းထန်တယ်။” ဟု အဗ္ဗဒူရာဟာမန်က ပြောသည်။

 

လွန်ခဲ့သည့်အပတ်ကသေဆုံးသွားသည့် တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်မူဂျာဟစ် မိခင်ဖြစ်သူ ရက်လည်ဆုတောင်း ပွဲအဖြစ် အိဒ်ဂါ့ဗလီတွင် ဝတ်ပြုဆုတောင်းနေကြစဉ် (အိုင်အက်စ်ဟုယူဆရသောအကြမ်းဖက်သမားများက) ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအတွင်း တာလီဘန်များက စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

ဗလီအတွင်းဗုံးခွဲတိုက်ခိုက်မှုတွင် ၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရသူများတွင် အ ရပ်သားများရော တာလီဘန်များပါ ပါဝင်ကြောင်း အမည်မဖော်လိုသည့် အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။ “ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူသုံးဦးကိုဖမ်းထားပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: Taliban Say Islamic State Cell Destroyed After Mosque Attack

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Taliban Say Islamic State Cell Destroyed After Mosque Attack

 

#PeopleMedia


Share this post