• Follow Us on

Home အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် န-စ-က စီစဉ်

အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် န-စ-က စီစဉ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား/သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် န-စ-က အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးရန် ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနအဆင့်ဆင့်ထံ ညွှန်ကြားစာကို စတင်ပေးပို့ထားပြီးဖြစ်သည်။

 

အဆိုပါ ညွှန်ကြားစာတွင် အောက်တိုဘာလအတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတွင် အသက် ၁၂ နှစ်ပြည့်ပြီး အလယ်တန်း၊ အထက်တန်း ၊ ကျောင်းသား/သူများကို  COVID-19 ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို ထိုးနှံပေးမည်ဟု အကြောင်းကြားထားကြောင်း ဖော်ပြပါရှိသည်။

 

အလားတူ အထက်ပါကဲ့သို့ လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကျောင်းအုပ်ချုပ်သူများအနေဖြင့် မိမိကျောင်းရှိ ဆရာ/ဆရာမများ ကျောင်းရုံးဝန်ထမ်းများအား ဆေးထိုးရက်မတိုင်မီ မိမိကျောင်းတွင် အသင့်ရှိစေ ရေး စီစဉ်ဆောင်ရွက်ထားနိုင်ရန် ညွှန်ကြားကြောင်း ဖော်ပြပါရှိသည်။

 

န-စ-က အစိုးရသည် အခြေခံပညာကျောင်းများကို အောက်တိုဘာ ၂၄ ရက်နေ့နောက်ပိုင်း ပြန်လည် ဖွင့်လှစ် ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရှိရသည်။

 

Photo – နစက

 

#PeopleMedia #COVID-19 #ကျောင်း

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post