• Follow Us on
Latest News

Home ပစိဖိတ်ဒေသတွင် တရုတ်နှင့် ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲသစ်ဖြစ်လာမည်မဟုတ်ကြောင်း အမေရိကန် လုံခြုံရေးအကြံပေးပြောကြား

ပစိဖိတ်ဒေသတွင် တရုတ်နှင့် ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲသစ်ဖြစ်လာမည်မဟုတ်ကြောင်း အမေရိကန် လုံခြုံရေးအကြံပေးပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

အင်ဒို-ပစိဖိတ်ဒေသတွင်း အမေရိကန်ပြည်ထောင်စုအင်အားကို နှစ်ဆလျှော့ချနေကြောင်းပြောဆိုရင်း ဒေသ တွင်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ ပြင်းထန်တင်းမာသော ယှဉ်ပြိုင်မှုမှာ စစ်အေးတိုက်ပွဲအ သစ်အဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က နိုဝင်ဘာလ ၁၁ ရက်နေ့ကပြောကြားလိုက်သည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့ အစောပိုင်းက တရုတ်သမ္မတရှီကျင့်ဖျင်က အာရှ-ပစိဖိတ်ဒေသသည် စစ်အေးတိုက်ပွဲ ကာလခေတ်တင်းမာမှုမျိုးကို ပြန်လည်ရောက်ရှိသွားမည်မဟုတ်ကြောင်းပြောဆိုလိုက်ပြီး ပထဝီနိုင်ငံရေးနောက် ခံအကြောင်းပြုပြီး အုပ်စုငယ်လေးများဖွဲ့စည်းနေခြင်းကို သတိပေးလိုက်သည်။

 

အမေရိကန်ပြည်ထောင်စုသည် ပဋိပက္ခဖြစ်ပွားနိုင်မှုလျှော့ချရေးကို လိုလားသည့်အတွက် အင်ဒို-ပစိဖိတ်ဒေသ တွင် ပိုမိုအာရုံစိုက်နိုင်ရန် အာဖဂန်နစ္စတန်ကို စွန့်ခွာခဲ့ပြီးဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့်  သြစတေးလျနိုင်ငံ Lowy Institute ကိုပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

တရုတ်နှင့် အမေရိကန်ကြား စစ်အေးတိုက်ပွဲအသစ်ဖြစ်ပေါ်လာမည့်အရေး စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ မေး မြန်းရာတွင် ဆူလီဗန်က အရေးမကြီးသလို ရှောင်လွှဲဖြေကြားခဲ့သည်။

 

“အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ စစ်အေးတိုက်ပွဲသစ်တစ်ခုဖြစ်လာမလားလို့ မေးကြတယ်။ အဲ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ရွေးချယ်ထားကြပါတယ်။” ဟု ဆူလီဗန်ကပြောသည်။

 

“အဲဒီလိုစစ်အေးတိုက်ပွဲမျိုးုဖြစ်လာမယ့်အစား သမ္မတဘိုင်ဒန်ပြောသလို တင်းမာတဲ့ယှဉ်ပြိုင်မှုမျိုးနဲ့ ရှေ့ဆက် သွားဖို့ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်ရှိပါတယ်။ ရှုထောင့်မျိုးစုံကနေ တက်တက်ကြွကြွ ယှဉ်ပြိုင်နိုင်တဲ့ ယှဉ်ပြိုင် မှုမျိုး၊ ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး ယှဉ်ပြိုင်တဲ့ ယှဉ်ပြိုင်မှုမျိုးပေါ့။ ဒါပေ မဲ့ အနာဂတ်ကိုကြိုမြင်နိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ တရုတ်နိုင်ငံဟာ သြဇာလွှမ်းမိုးနိုင်တဲ့နိုင်ငံတစ်နိုင် ငံဖြစ်လာတော့မယ်ဆိုတာကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။” ဟု ၎င်းကပြောသည်။

 

သုံးပွင့်ဆိုင်မဟာမိတ်တည်ဆောက်ရန် အမေရိကန်၏ မဟာဗျူဟာက နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော များမျှဝေမည့် AUKUS မဟာမိတ်ဖွဲ့စည်းခြင်းသို့ရောက်ရှိခဲ့ကြောင်း၊ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် လေးပွင့်ဆိုင်ဒီမိုကရေစီမဟာမိတ်ဖွဲ့စည်းခြင်းကလည်း ဒေသတွင်း COVID-19 ကာကွယ်ဆေးများ ပို့ဆောင်နိုင် ခဲ့ကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂပူးပေါင်း၍ ကုန်သွယ်ရေးနှင့် နည်းပညာကောင်စီဖွဲ့စည်းတည်ထောင် လိုက်ခြင်းကလည်း တိုးတက်လာသောနည်းပညာနယ်ပယ်တွင် တရုတ်နိုင်ငံကို ကာကွယ်ထားနိုင်ကြောင်း ဆူ လီဗန်ကပြောသည်။

 

Ref: Rivalry with China in Pacific need not lead to new Cold War, says U.S. security advisor

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Rivalry with China in Pacific need not lead to new Cold War, says U.S. security advisor

 

#PeopleMedia


Share this post