• Follow Us on

Home မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကိုအလေးထားပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစား လိုက်နာဆောင်ရွက်လျက်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကိုအလေးထားပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစား လိုက်နာဆောင်ရွက်လျက်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၂ (People Media)

 

မြန်မာနိုင်ငံသည်အာဆီယံပဋိညာဉ်စာတမ်းကို အလေးထားပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစား လိုက်နာ ဆောင်ရွက်လျက်ရှိပြီး အာဆီယံအသိုက်အဝန်းတည်ဆောက်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက် ခြင်းများ အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။

 

၄၂ ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း (42nd ALA Governing Council) အစည်းအဝေးကို ယမန်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဥပဒေရေးရာဝန်ကြီးဌာနမှ အာဆီယံ ဥပဒေပညာရှင်များ အသင်း(မြန်မာ) ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်စာတမ်းကို အလေးထားပြီး ပဋိညာဉ်စာတမ်းပါတာဝန်ရှိမှုများကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ရည်ရွယ်ချက်များဖြစ်သော တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးစနစ်များနှင့် ဥပဒေဆိုင်ရာ အခြေခံအဆောက်အဦများ ခိုင်မာအားကောင်းစေခြင်းကို အကောင်အထည် ဖော်ရန်အလို့ငှာ အာဆီယံဥ ပဒေပညာရှင်များ အသင်းသို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး အာဆီယံ ဥပဒေပညာရှင်များအသင်း(မြန်မာ) ကိုလည်း ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ပြောသည်။

 

အဆိုပါ အသင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ် ဥပဒေပညာဌာန များမှ ပါမောက္ခများ ပါဝင်ကြောင်း၊ ဇွန် ၁၉ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦးပါဝင်သော တရားဥပဒေစိုးမိုး ရေးနှင့် တရားမျှတမှုလုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တရားဥ ပဒေစိုးမိုးရေးနှင့် တရားမျှတမှု လုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပြည်သူ့အတွက် တရားမျှတမှု မဟာဗျူဟာ စီမံကိန်း (၂၀၁၉−၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံ အသိုက်အဝန်း တည်ဆောက်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းများကို အောင်မြင်စေရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်နေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် ALAWMM နှင့် ASLOM တို့တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

 

၂၀၁၈ တွင် မြန်မာနိုင်ငံသည် ASEAN e-commerce agreement ကို အတည်ပြု ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ သည် Digital Economy Road Map 2018-2025 ကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မြန်မာ e-commerce အသင်းကို ဖွဲ့စည်းခဲ့ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ရည်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် e-commerce ဥပဒေ(မူကြမ်း) ကို ရေးဆွဲနေ ကြောင်း ဒေါက်တာသီတာဦးက ပြောကြားသည်။

 

#PeopleMedia #အာဆီယံ

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post