• Follow Us on
Latest News

Home ရွှေဘိုမြို့နယ်၊ မူးမြစ်ဘေးရှိ တဲအတွင်း၌ အမျိုးသား ၈ ဦး လက်ပြန်ကျိုးတုတ်ပြီး အသတ်ခံရ

ရွှေဘိုမြို့နယ်၊ မူးမြစ်ဘေးရှိ တဲအတွင်း၌ အမျိုးသား ၈ ဦး လက်ပြန်ကျိုးတုတ်ပြီး အသတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မူးမြစ်ဘေးနား၊ ကျားရွာအနီးရှိ တဲအတွင်း၌ အမျိုးသား ၈ ဦး လက်ပြန်ကျိုးတုတ်ပြီး အသတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုချက်အရ သိရသည်။

 

အဆိုပါ သတ်ဖြတ်ခံရမှု၌ ပါဝင်သူ ၄ ဦးသည် ရွာခံများဖြစ်ပြီး ကျန် ၅ ဦးသည် မြို့ပေါ်မှဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media က ရွာခံတစ်ဦးကို ဆတ်သွယ်မေးမြန်းရာတွင် “ဒီအထဲမှာ ရွာခံ ၄ ယောက်။ မြို့ပေါ်က ၅ ယောက်။ အသတ်ခံရတာ ၈ ယောက်။ ၁ ယောက်ကတော့ လွတ်သွားတယ်။ ဒီအိမ်မှာ က ၃ ယောက်နေတယ်။ သူနဲ့ သူ့တူက အသတ်ခံရတာ။ မိန်းမတွေဖယ်ဆိုတော့ အမျိုးသမီးက ထွက်ပြေး တာပေါ့။ သူကတော့ အသတ်မခံရဘူး။ ကျေးရွာများမှာ တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာရှိတယ်။ ဘယ်အ ဖွဲ့က သတ်လည်းဆိုတာ မသိဘူး” လို့  ပြောဆိုသည်။

 

အဆိုပါအသတ်ခံရသည့်နေရာသည် ရွှေဘိုမြို့နှင့် မိုင် ၃ မိုင်ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်သည့် နေရာတစ်ခုဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #ရွှေဘိုမြို့

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post