• Follow Us on
Latest News

Home ဟူသီသူပုန်များ ၂၀၁၅ ခုနှစ်ကတည်းက ဆော်ဒီနိုင်ငံကို ဒုံးကျည် ၄၃၀၊ ဒရုန်း ၈၅၁ စင်းဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့က ပြော

ဟူသီသူပုန်များ ၂၀၁၅ ခုနှစ်ကတည်းက ဆော်ဒီနိုင်ငံကို ဒုံးကျည် ၄၃၀၊ ဒရုန်း ၈၅၁ စင်းဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့က ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇ (People Media)

 

အီရန်နိုင်ငံက မဟာမိတ်ဖွဲ့ထားသော ဟူသီသူပုန်အုပ်စုသည် ၂၀၁၅ ခုနှစ် စစ်ပွဲစတင်ကတည်းက ဆော်ဒီအာ ရေးဗီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်ပေါင်း အစင်း ၄၃၀၊ လက်နက်တပ်ဆင်ထားသောဒရုန်း ၈၅၁ စင်းဖြင့်တိုက် ခိုက်ခဲ့ရာ ဆော်ဒီပြည်သူ အရပ်သား ၅၉ ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ဒီဇင် ဘာလ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။

 

အီရန်နိုင်ငံက မဟာမိတ်ဖွဲ့ထားသည့် ဟူသီသူပုန်အဖွဲ့သည် ဆော်ဒီအာရေးဗီးယားနိုင်ငံကို တိုက်ခိုက်ရန် ယီမင် နိုင်ငံရှိ ဆာနာလေဆိပ်ကို စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုနေကြောင်း ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့မှ ဗိုလ် ချုပ်ကြီးတာကီအယ်လ်မယ်လ်ကီကပြောလိုက်ပြီး ၎င်း၏ပြောဆိုချက်ကို ဟူသီသူပုန်အဖွဲ့ကငြင်းဆိုလိုက်သည်။

 

ယီမင်နိုင်ငံသည် ဟူသီသူပုန်များက မြို့တော် ဆာနာကိုသိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံတကာက အသိအမှတ် ပြုထားသော အက်ဘ်ရာဘူမန်ဆာဟာဒီအစိုးရကို ဖြုတ်ချလိုက်သည့် ၂၀၁၄ ခုနှစ်ကတည်းက အကြမ်းဖက်မှု နွံထဲသို့ နစ်မြုပ်နေသည့်နိုင်ငံဖြစ်သည်။

 

ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့က ၂၀၁၅ ခုနှစ်တွင် ဟူသီသူပုန်များကို တိုက်ခိုက်ရင်း ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း စစ်ပွဲမှာ မတိုးသာမဆုတ်သာအခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီး ယီမင်ပြည် သူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

 

ယီမင်နိုင်ငံရှိ ဆိပ်ကမ်းများနှင့် ဆာနာလေဆိပ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံ ပိတ်ဆို့ထားရာ ယင်းသို့ပိတ်ဆို့မှု ကြောင့် ကမ္ဘာ့အကြီးမားဆုံးလူသားချင်းစာနာမှုအကျပ်အတည်းကြီးဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောဆိုခဲ့သည်။ ယင်းပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ဆော်ဒီနိုင်ငံကို အနောက်အုပ်စုမဟာ မိတ်နိုင်ငံများက ဖိအားပေးလျက်ရှိသည်။ ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းသည် ဟူသီသူပုန်များထံမှ အပစ်အခတ် ရပ်စဲရေးစတင်စကားပြောလာမည့် အခြေအနေတစ်ရပ်လည်းဖြစ်သည်။

 

ယီမင်နိုင်ငံတွင် အဆိုပါပိတ်ဆို့မှုများပြုလုပ်ထားသည်ဆိုသည့်ပြောဆိုချက်ကို ဗိုလ်ချုပ်ကြီးမယ်လ်ကီက ငြင်းဆို လိုက်ပြီး ကုလသမဂ္ဂအဖွဲ့နှင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ လေယာဉ်ခရီးစဉ်များအတွက် ဆာနာလေ ဆိပ်ကို ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပြောသည်။

 

ယီမင်နိုင်ငံမှယင်းလက်နက်ကိုင်ပဋိပက္ခကို အရှေ့အလယ်ပိုင်းမုခ်ဦး၏ ပြိုင်ဘက်များဖြစ်သော ဆော်ဒီအားရေး ဗီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားမှ ကြားခံစစ်ပွဲတစ်ခုအဖြစ် အများစုက ရှုမြင်ထားကြသည်။

 

အီရန်နိုင်ငံကထောက်ပံ့ထားသော လက်ဘနွန်ရှီရိုက် ဟစ်ဘိုလာအုပ်စုက ယီမင်နိုင်ငံအတွင်း ဟူသီသူပုန်များ ကို ကူညီနေသည့်ပုံများပါဝင်သော ဗီဒီယိုဖိုင်များကို ဗိုလ်ချုပ်ကြီးမယ်လ်ကီက သတင်းထောက်များအားပြသခဲ့ သည်။ လက်ဘနွန်အုပ်စု စစ်ပွဲထဲတွင်ပါဝင်ပတ်သက်နေသည်ဆိုသည့်ပြောဆိုချက်ကို ဟစ်ဘိုလာအဖွဲ့ကရော ဟူသီသူပုန်အဖွဲ့ကပါ ငြင်းဆိုလိုက်သည်။

 

Ref: Houthis have fired 430 missiles, 851 drones at Saudi Arabia since 2015

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Houthis have fired 430 missiles, 851 drones at Saudi Arabia since 2015

 

#PeopleMedia


Share this post