• Follow Us on
Latest News

Home နေပြည်တော်ကောင်စီနယ်မြေ၊ Junction ကုန်တိုက်အနီး၌ Delivery Service လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၆ ဦးမှ အကြမ်းဖက်ပြီး လုယူသွား၊ ကျူးလွန်သူ ဖမ်းမမိသေး

နေပြည်တော်ကောင်စီနယ်မြေ၊ Junction ကုန်တိုက်အနီး၌ Delivery Service လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၆ ဦးမှ အကြမ်းဖက်ပြီး လုယူသွား၊ ကျူးလွန်သူ ဖမ်းမမိသေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ Junction အနီး၌ Delivery Service လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်ကယ် တစ်စီးကို အမျိုးသား ၆ ဦးမှ အကြမ်းဖက် လုယူသွားပြီး ကျူးလွန်သူကို ဖမ်းမမိသေးကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်၌ Delivery လိုက်လံ ပို့ဆောင်နေစဉ် Junction ကုန်တိုက်အနီး အရောက်၌ ဆိုင်ကယ် ၃ စီး လူ ၆ ယောက်မှ ရောက်ရှိလာပြီး ဆိုင်ကယ်ကို ဆွဲလှဲပြီးနောက် ယူဆောင်သွား ခြင်းဖြစ်ကြောင်း ဆိုသည်။

 

ထိုဖြစ်စဉ်အပေါ် People Media မှဆက်သွယ်မေးမြန်းရာ “ကောင်လေးတွေက လူငယ်လေးတွေ။ အဲ့ဒီက တစ်ယောက်ကတော့ mask မတပ်ထားဘူး။ ဆိုင်ကယ် ၃ စီးမှာ လူငယ်လေးတွေ ၆ ယောက် ရှေ့က ဆိုင်ကယ် ၂ စီး၊ နောက်က ၁ စီး၊ Delivery ပို့တဲ့ဆိုင်ကယ်က အလယ်က၊ ရှေ့က ၂ စီးက ပွတ်တိုက်သွားတာ့ ရှောင်မရတော့ လဲသွားတယ်။ အဲ့အချိန်မှာ ကားတွေရောက်လာတော့ ဆိုင်ကယ်ကို မောင်းပြေးသွားတယ်။ လူကိုတော့ ဘာမှမလုပ်သွားတာ ကံကောင်းတယ်။ ပြီးတော့ ဆိုင်ကယ်လဲသွားတော့ ပစ္စည်းတွေလည်း ပြုတ်ကြကျန်ခဲ့တယ်” လို့ ဆိုင်ကယ်အလုခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

 

အဆိုပါအလုခံရသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းထံ တိုင်ကြားထားကြောင်း ဆိုသည်။ လက်ရှိအချိန်၌ ကျူးလွန်သည့်အဖွဲ့ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်၌ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာများ၌ ဆိုင်ကယ်များ မကြာခဏ ခိုးယူခံရမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း ဝန်ထမ်းအချို့ကပြောဆိုသည်။

 

Photo – လုယူခံရသည့် ဆိုင်ကယ်

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post