• Follow Us on
Latest News

Home ကာဇက်စတန်နိုင်ငံသို့ ရုရှားအထူးတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ဗလာဒီမာပူတင် စေလွှတ်

ကာဇက်စတန်နိုင်ငံသို့ ရုရှားအထူးတပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ဗလာဒီမာပူတင် စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈ (People Media)

 

ကာဇက်စတန်နိုင်ငံတွင်းမှ ဆူပူအုံကြွမှုများကို နှိမ်နှင်းရန်အတွက် ရုရှားသမ္မတဗလာဒီမာပူတင်က (ရုရှား၊ အာ မေးနီးယား၊ ကာဇက်စတန်၊ ကျားဂစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်သော လုံခြုံရေးပူး ပေါင်းဆောင်ရွက်သည့်နိုင်ငံများ) မှ အထူးတပ်ဖွဲ့ဝင်များကို တိတ်တိတ်စေလွှတ်လျက်ရှိကြောင်းသိရသည်။

 

ကာဇက်စတန်နိုင်ငံသို့ ရုရှားအထူးတပ်ဖွဲ့ဝင် ၂၅၀၀ စေလွှတ်ထားပြီးဖြစ်ပြီး နောက်တပ် အထူးတပ်ဖွဲ့ဝင် ၅၀၀၀ စေလွှတ်သွားရန်စီစဉ်ထားသည်။

 

ရုရှားနိုင်ငံက ဦးဆောင်၍ ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံအချို့မှ တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထား သော လက်ရွှေးစင်အထူးတပ်ဖွဲ့ဝင်များသည် ဒေသတွင်းလုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များဖြစ်သော်လည်း ရန်စကျူးကျော်ရာတွင် နာမည်ဆိုးထွက်သောတပ်ဖွဲ့များလည်းဖြစ်သည်။

 

နိုင်ငံအတွင်း ဆူပူအုံကြွမှုများမှာ ပြည်ပနိုင်ငံများက လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားများတွင်တာဝန် ရှိကြောင်း ကာဇက်စတန်သမ္မတကက်ဆန်ဂျိုးမတ်တိုကာယက်ဗ်က ပြောကြားလိုက်ပြီးနောက် ရုရှားဦးဆောင် သောအထူးတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

ဆူပူအုံကြွမှုတွင် လူ ၂၀ ကျော်အသတ်ခံခဲ့ရပြီး ၎င်းတို့အနက် ၃ ဦးမှာ ခေါင်းဖြတ်အသတ်ခံရပြီးနောက် ကာ ဇက်စတန်သမ္မတ  ကက်ဆန်ဂျိုးမတ်တိုကာယက်ဗ်က ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို ပစ်မိန့်ပေးခဲ့သည်။

 

ရုရှားသစ္စာခံသမ္မတတိုကာယက်ဗ်က ရုရှားသမ္မတပူတင်ထံမှ အကူအညီတောင်းခံခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူအများအပြားသေဆုံးခဲ့သည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။

 

“စစ်သွေးကြွတွေက လက်နက်ချမှာ မဟုတ်ဘူး။ သူတို့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေကြပါတယ်။ ရာ ဇဝတ်မှုတွေ ဆက်ကျူးလွန်ဖို့လည်း ပြင်ဆင်ထားကြတယ်။ ဘယ်သူပဲ လက်နက်ချချ ဖျက်ဆီးပစ်ကြမှာပဲဖြစ်ပါ တယ်။ ဘာမှ ကြိုတင်အချက်ပေးစရာမလိုဘဲ တစ်ခါတည်းပစ်သတ်ပစ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားပါတယ်။” ဟု သမ္မတတိုကာယက်ဗ်က ပြောသည်။

 

သောကြာနေ့ (ဇန်နဝါရီလ ၇ ရက်) တွင် အယ်မာတီမြို့တော်တွင် သေနတ်သံများကြားနေရဆဲဖြစ်သည်။ လွတ်  လပ်ရေးရပြီး အနှစ် ၃၀ ရှိပြီဖြစ်သည့် နိုင်ငံတွင် အဆိုးရွားဆုံးအကြမ်းဖက်မှုများကြောင့် အဆောက်အဦများမှာ လှန်လှောမွှေနှောက် ခိုးယူဖျက်ဆီးခံထားရသည့်အပြင် မီးတင်ရှို့ခံထားရသည်။

 

ရုရှားတပ်ဖွဲ့ဝင်များကို လေယာဉ်အစင်း ၇၀ ကျော်နှင့်သယ်ယူပို့ဆောင်ပြီး ကာဇက်စတန်နိုင်ငံတွင်းသို့ စေလွှတ် လျက်ရှိကြောင်း သမ္မတပူတင်ကပြောသည်။ ယင်းအထူးတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြသူများလက်မှ ပြန်လည်သိမ်း ပိုက်ထားသော အယ်မာတီမြို့မှ လေဆိပ်ကို ထိန်းချုပ်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။

 

Ref: Vladimir Putin sends thousands of ‘Spetsnaz’ special forces troops into Kazakhstan

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Vladimir Putin sends thousands of ‘Spetsnaz’ special forces troops into Kazakhstan

 

#PeopleMedia


Share this post