• Follow Us on

Home ကာဇက်စတန်တွင် ရုရှားတပ်များရောက်ရှိနေခြင်းကို အမေရိကန်မေးခွန်းထုတ်

ကာဇက်စတန်တွင် ရုရှားတပ်များရောက်ရှိနေခြင်းကို အမေရိကန်မေးခွန်းထုတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈ (People Media)

 

ကာဇက်စတန်နိုင်ငံတွင်းမှ ဆူပူအုံကြွမှုများကို နှိမ်နှင်းရာတွင် ကာဇက်စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီရန် အတွက် ရုရှားတပ်များရောက်ရှိနေခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။

 

ကာဇက်စတန်နိုင်ငံတွင်းရှိ မမျှတမှုနှင့် ခရိုနီဝါဒကို ဆန့်ကျင်သည့် မကျေနပ်မှုများကို ထုတ်ဖော်ပြသရင်း လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြပြီး ငြိမ်းချမ်းစွာဆန္ဒပြနေရာမှ ဆူပူအုံကြွမှုများဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။

 

ဆန္ဒပြပွဲများမှာ ကာဇက်စတန်နိုင်ငံအနောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အယ်မာတီ ကဲ့သို့ အဓိကမြို့ကြီးများတွင်ပါဖြစ်ပွားလာခဲ့ပြီး ဆန္ဒပြသူအချို့မှာ လက်နက်များစွဲကိုင်လာခဲ့ကြသည်။ သို့သော် မည်သည့်အတွက်ကြောင့် လက်နက်စွဲကိုင်ခဲ့ကြသည်ကို ရှင်းလင်းစွာမသိရသေးပေ။

 

ဆန္ဒပြသူများအနက် လူဦးရေ ၃၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆန္ဒပြသူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ကာ ဇက်စတန်ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

တရားဥပဒေစိုးမိုးရေးအတွက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်နေကြောင်း ကာဇက်စတန်သမ္မတကက်ဆန်ဂျိုး မတ်တိုကာယက်ဗ်က ပြောဆိုလိုက်ပြီး အစိုးရအာဏာပိုင်များမှာ အကျင့်သိက္ခာလျော့ရဲနေကြောင်း ဝေဖန်ရင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ပြစ်တင်ဝေဖန်လိုက်သည်။

 

“ဘာ့ကြောင့် အခုလို ပြင်ပက အကူအညီတွေလိုအပ်နေတာလဲဆိုတာ ကျွန်တော်တို့ သဘောမပေါက်ဘူးဗျ။ ဒါ့ ကြောင့် သတင်းတွေပိုပြီး ကြားရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။” ဟု ဘလင်ကန်က ပြောသည်။

 

(ရုရှား၊ အာ မေးနီးယား၊ ကာဇက်စတန်၊ ကျားဂစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်သော လုံခြုံရေးပူး ပေါင်းဆောင်ရွက်သည့်နိုင်ငံများ) မှ CSTO အထူးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ စေလွှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဘလင်ကန်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

 

“လတ်တလောသမိုင်းသင်ခန်းစာအရပြောရရင်တော့ ရုရှားတွေ ခင်ဗျားအိမ်ထဲရောက်လာရင် တစ်ခါတစ်လေ ပြန်မောင်းထုတ်ဖို့ ခက်ခဲတယ်ဆိုတာပါပဲ။” ဟု ဘလင်ကန်ကပြောသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပါက အမေရိကန်နိုင်ငံက ရုရှားကို စီးပွားရေးအရေးယူ ပိတ်ဆို့မှုများချမှတ်သွားမည်ဖြစ်ကြောင်း ခြိမ်ခြောက်ခဲ့သဖြင့် အမေရိကန်နှင့် ရုရှားတို့ကြား ဆက်ဆံရေးတင်း မာမှုများမြင့်တက်နေစဉ်အတွင်း ယခုကဲ့သို့ အမေရိကန်ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: US questions Russia’s military presence in Kazakhstan

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: US questions Russia’s military presence in Kazakhstan

 

#PeopleMedia


Share this post