• Follow Us on
Latest News

Home ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံးတက္ကသိုလ်တစ်ခု၌ PHD သင်တန်းဖွင့်လှစ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးပြောကြား

ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံးတက္ကသိုလ်တစ်ခု၌ PHD သင်တန်းဖွင့်လှစ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၀ (People Media)

 

ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံးတက္ကသိုလ်တစ်ခု၌ PHD သင်တန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ပြောသည်။

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး၌ ပညာရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြင့်ပညာကဏ္ဍ တက္က သိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များကို Class A, Class B နှင့် Class C အုပ်စုခွဲ သတ်မှတ်၍ တိုးတက်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခု၌ PHD သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ဆရာ ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလျှင် မဟာတန်းများကို ဖွင့်လှစ်နိုင်ကြောင်း ပြောသည်။

 

အခက်အခဲများ တွေ့ကြုံရပါက တစ်ဦးတည်းမဖြေရှင်းဘဲ စုပေါင်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်အဆောက်အအုံတစ်ခုနှင့်တစ်ခုကို အမိုးပါသော အင်္ဂတေခင်း လူသွားစြင်္ကန်များနှင့် ချိတ်ဆက်ပေး ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် အဝင်မုခ်ဦးသည် ခန့်ညားထည်ဝါပြီး  တက္ကသိုလ်သည် ဥပဓိရုပ် ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပရဝုဏ်အတွင်း ပန်းအလှများစိုက်ခြင်း၊ စာသင်ခန်း သပ်ရပ်သာယာခြင်း၊ ပတ်ဝန်းကျင် သာယာလှပခြင်း၊ အပန်းဖြေရိပ်သာ၊ အားကစားကွင်း၊ အားကစားရုံတို့ ပြည့်စုံခြင်းတို့အပြင် တက္ကသိုလ်အင်္ဂါရပ်များ ပြည့်စုံအောင် ဖြည့်ဆည်းသွားကြမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

 

#PeopleMedia #ပညာရေး

 

(unicode)


……………………………………………………………..

 


 


 


 


 


 



Share this post