• Follow Us on
Latest News

Home ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦး ကားလမ်းမှာ လုံခြုံရေးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရရှိခဲ့

ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦး ကားလမ်းမှာ လုံခြုံရေးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရရှိခဲ့

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၅ (People Media)

 

ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအနီး၊ မုံရွာ- ရေဦးကားလမ်း၌ လုံခြုံရေးကားတစ်စီးသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်ဖြစ်ပွားရာနေရာသည် မုံရွာ-ရေဦး ကားလမ်း၊ မိုင်တိုင်အမှတ် ၉၉ / ၃ နဲ့ ၄ အကြား၊ ကံသစ်ရွာအနီး၌ လုံခြုံရေးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

 

“ဖြစ်တဲ့နေရာက မုံရွာ-ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၉၉ / ၃ နဲ့ ၄ အကြားနေရာ ကံသစ်ရွာနားမှာဖြစ်တာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက “နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒု-ရဲအုပ်အဖွဲ့စီးလာတဲ့ ကားဖြစ်တာပါ။ ၅ ဦး ဒဏ်ရာရတယ်။ ရဲတပ်သားကတော့ အရေးပေါ် ခွဲစိတ်ကုသနေရင်း ကျဆုံးသွာတာ” လို့ ပြောသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည့် ပြီးခဲ့သည့်ကာလက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့်နေရာတစ်ခုဖြစ်သည်။

 

Photo – ပုံဟောင်း အသုံးပြုထားသည်။

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #ဘုတလင်မြို့နယ်

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 



Share this post