• Follow Us on

Home ယူကရိန်းနိုင်ငံအရေး တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို ပင်တဂွန်က အမြင့်ဆုံးတပ်လှန့်ထား

ယူကရိန်းနိုင်ငံအရေး တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို ပင်တဂွန်က အမြင့်ဆုံးတပ်လှန့်ထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

နေတိုးမဟာမိတ်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံက ကျူးကျော်တိုက် ခိုက်လာမည့်အရေးအတွက် အသင့်ပြင်ဆင်ထားစဉ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို အရှေ့ ဥ ရောပဒေသတွင် တပ်ဖြန့်ချထားနိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်က အမြင့်ဆုံးတပ် လှန့်ထားလိုက်သည်။

 

တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ မှ တပ်ဖွဲ့ဝင်အများစုမှာ မကြာမီသက်ဝင်လှုပ်ရှားလာနိုင်သည့် နေတိုးတပ်ဖွဲ့ထဲတွင် ပူး ပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောသည်။ “အခုချက်ချင်း တင်းမာမှုတွေလျှော့ချဖို့ ရုရှားအစိုးရမှာ ရည်ရွယ်ချက်မရှိဘူးဆိုတာ အလွန်သိသာထင်ရှားပါတယ်။” ဟု ၎င်းက ပြောသည်။

 

အမေရိကန်တပ်ဖွဲ့ဝင်အများအပြားနှင့် စစ်သင်္ဘောများ၊ လေယာဉ်များကို ဘော်လတစ်ဒေသနှင့် အရှေ့ဥရောပ ရှိနေတိုးမဟာမိတ်တပ်ဖွဲ့ဝင်များထံသို့စေလွှတ်ပေးသွားရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က စဉ်းစားနေကြောင်း New York Times သတင်းစာက ဇန်နဝါရီလ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့ပြီးနောက် ဂျွန်ကာဘီ၏ကြေညာ ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံနှင့် စစ်မက်ဖြစ်ပွားလိုခြင်းမရှိ ကြောင်း အမေရိကန်အစိုးရက ဆက်လက်ပြောကြားလျက်ရှိသည်။ ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်သဖြင့် ယူကရိန်းကာကွယ်ရေးအတွက် နေတိုးစာချုပ်တွင် အကျုံးမဝင်ပေ။ “ဥရောပတိုက်မှာ နောက် ထပ်စစ်ပွဲတစ်ကြီးတစ်ပွဲ ဖြစ်ပွားတာ ဘယ်သူမှ မြင်ချင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။” ဟု ဂျွန်ကာ ဘီက ပြောသည်။

 

အမေရိကန်စစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံတံခါးပေါက်နားအထိ ရွှေ့ပြောင်းထားရေးအပါအဝင် ရွေးချယ် စရာနည်းလမ်းလေးငါးခုရှိကြောင်း ပင်တဂွန်ထိပ်တန်းအရာရှိများက သမ္မတဂျိုးဘိုင်ဒန်ကို Camp David စခန်း တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့သည့်အစည်းအဝေး၌ တင်ပြခဲ့ကြသည်။

 

အမြင့်ဆုံးတပ်လှန့်ထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များတွင် တိုက်ခိုက်ရေးတပ်မများ၊ ဆေးတပ်ဖွဲ့ဝင်များ၊ လေ တပ်ဖွဲ့ဝင်များ၊ သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေးနှင့် ကင်းထောက်တပ်ဖွဲ့ဝင်များပါဝင်သည် ဟု ဂျွန်ကာဘီက ပြောသည်။

 

ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများကဲ့သို့ အရှေ့ဥရောပရှိ နေတိုးမဟာမိတ်နိုင်ငံများထံသို့ အမေရိကန်တပ်ဖွဲ့ဝင်အ ချို့ကို အမေရိကန်ပြည်ထောင်စုကတိုက်ရိုက်စေလွှတ်နိုင်သော်လည်း အမြင့်ဆုံးတပ်လှန့်ထားသည့်အမေရိကန် တပ်ဖွဲ့ဝင်များမှာ အမိန့်ပေးလိုက်သည်နှင့် နေတိုးအထူးတပ်ဖွဲ့ထံသို့ သွားရောက်သတင်းပို့နိုင်မည်ဖြစ်သည်။

 

Ref: Pentagon Puts 8,500 Troops on ‘High Alert’ Amid Ukraine Tensions

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Pentagon Puts 8,500 Troops on ‘High Alert’ Amid Ukraine Tensions

 

#PeopleMedia


Share this post