• Follow Us on
Latest News

Home ကမ္ဘာကို နှလုံးနာစေခဲ့သော ဒေါ်အောင်ဆန်းစုကြည်

ကမ္ဘာကို နှလုံးနာစေခဲ့သော ဒေါ်အောင်ဆန်းစုကြည်

Share this post

ဖော်ပြပါ အကြောင်းအရာများသည် အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား၏ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဘင် ရိုစ့်မှ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သုံးသပ်ရေးသားထားသော The FINANCIAL REVIEW ပါ “How Aung San Suu Kyi broke the world’s hearts” ဆောင်းပါးမှ ကောက်နုတ်ချက်များသာဖြစ်ပါသည်။ အပြည့်အစုံကို ဖော်ပြပါ လင့်ခ်တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.afr.com/…/how-aung-san-suu-kyi-broke-the-world-…

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ပထမဦးဆုံး အကြိမ်တွေ့ဆုံခဲ့စဉ်က သူက မျှော်လင့်ချက်တွေအများကြီးပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်က တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ က သူ့ရဲ့နေအိမ်မှာ ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။……

—-ဒီတွေ့ဆုံမှုဟာ သမိုင်းဝင်ပုဂ္ဂိုလ်သုံးဦးအတွက် သမိုင်းဝင်တွေ့ဆုံမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ အိုဘားမား ဟာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို အနိုင်ရခါစဖြစ်သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ကလင်တန်ကလည်း ကိုယ်တိုင်သမ္မတနေရာကို ၀င်ရောက်အရွေးခံဖို့အတွက် ပြင်ဆင်လျက်ရှိနေပါတယ်။……………..

———–သူ့ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်မှာ ဆောင်ရွက်နေတာတွေ၊ တပ်မတော်နဲ့စိန်ခေါ်မှု၊ လွှတ်တော်လုပ်ငန်းစဉ်အသေးစိတ်ကိုလေ့လာမှု စတဲ့ သူတည်ဆောက်ချင်တယ်ဆိုတဲ့ ဒီမိုကရေစီလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပါတယ်။………………………

———- ဒါပေမယ့် သူ့အနေနဲ့ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့အတွက် စိတ်မ၀င်စားကြောင်းနဲ့ သူဟာ နိုင်ငံရေးသမားတစ်ယောက်သာဖြစ်ကြောင်း အိုဘားမားကို ဗြိတိန်လေယူလေသိမ်းနဲ့ အခိုင်အမာပြောကြားခဲ့ပါတယ်။…………………..

—————
မြန်မာအများစုဟာ တောင်အာရှနွယ်ဖွားတွေကို မုန်းတီးကြပြီး အခုလိုမုန်းတီးရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ဗြိတိန်က မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အုပ်ချုပ်ခဲ့စဉ်က အိန္ဒိယလူမျိုးတွေကို အာဏာပိုင်တွေနေရာတွေထားရှိခဲ့လို့ဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာအများစုဟာ အာဖဂန်နစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့လိုအဖြစ်မျိုးနဲ့ ကြုံတွေ့မှာကို စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီအချိန်က အာဖဂန်နစ္စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အထောက်အပံ့နဲ့ ဗုဒ္ဓဘာသာဝင်တွေမောင်းထုတ်ခံခဲ့ရပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကလည်း သူကိုယ်တိုင်အခုလို စိုးရိမ်မှုရှိခဲ့တဲ့ အကြောင်း ကျွန်တော့်ကို ပြောပါတယ်။)……………………..

…. ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ အနောက်နိုင်ငံသံတမန်တစ်ဦးက “ သူက ဂုဏ်ပြုချီးမြှောက်မှုနဲ့ ဆုတံဆိပ်တွေကို သဘောကျပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူကလွဲရင် အားလုံးမှားနေတယ်လို့ ထင်တာပါပဲ” လို့ ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။………….

…………. အိုဘားမားအစိုးရလက်ထက်မှာ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေးတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း နေရာစုံမှာ အကြိမ်ပေါင်းများစွာတွေ့ဆုံခဲ့ဖူးပါတယ်။……

—- သူ့ကို ကျွန်တော်မြင်မိတာက အတွေးအခေါ်သမား၊တက်ကြွလှုပ်ရှားသူ၊နိုင်ငံရေးသမား နဲ့ သွေးအေးအေးနဲ့ လက်တွေ့ဆန်တဲ့သူတစ်ယောက်ပါ။…………………….

….. “ ဒုတိယမြောက် ဗမာ့တော်လှန်ရေးလို့ သူအမြဲပြောတယ်,” လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ ကူညီမီးစာထိုးပေးခဲ့တာကို ရည်ညွှန်းပြီး သံအမတ် မစ်ရှဲက ကျွန်တော်ကိုပြောပါတယ်။ “ အခု သူက အာဏာရနေပြီ, ဆိုတော့ ဘာအဓိပ္ပါယ်ရခဲ့လဲ? ဒါတွေအားလုံးက ဘာလဲ?……………………

“ ညဖက်ဆို ကျွန်မ အိမ်အောက်ဆင်းပြီး လမ်းလျှောက်ရင်း အဖေ့ဓာတ်ပုံကို မော့ကြည့်ပါတယ်။ အဖေနဲ့ အရမ်းနီးစပ်နေသလိုခံစားရတယ်…. အဖေနဲ့ ကျွန်မ သူတို့ကို ရင်ဆိုင်မယ် အဖေ” လို့ အခုလို ခွန်အားတွေရှိစေဖို့ သူ့အဖေရဲ့အရေးပါမှုကို တစ်ခါက ပြောပြခဲ့ဖူးပါတယ်။………………….

—-လတ်တလော ဦးသိန်းစိန်နဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မကျေနပ်တာတွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချက်ဟောဆေးက ကျွန်တော်ကို ပြောပြခဲ့ပါတယ်။ “ ဦးသိန်းစိန်က သူလုပ်ဖို့ ရည်ရွယ်ထားတဲ့အရာတွေ အားလုံးကို လုပ်နေခဲ့တယ်။ သူက အနောက်နိုင်ငံတွေနဲ့ ပြန်ပြီး နီးစပ်စေခဲ့သူ ပြုပြင်ပြောင်းလဲရေးအားလုံးကို လုပ်ကိုင်ခဲ့သူ ဖြစ်လာတော့မလို့ပါ။ နောက်တော့ ဦးသိန်းစိန်က ဒါတွေကို လုပ်ပြီး ထောက်ခံမှုအများအပြားရရှိခဲ့တာကို သူတွေ့ခဲ့ပါတယ်”…………….

………… ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တွေ့ဆုံခဲ့ရာမှာ အိုဘားမားအစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံနေဆဲဖြစ်ကြောင်း၊ အရပ်သားအုပ်ချုပ်ရေးကိုပြောင်းလဲနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွေကိုလည်း ထောက်ခံကြောင်းပြောပြခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရှေ့ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အရေးကြီးကြောင်းနဲ့ ဘင်္ဂါလီအရေးအတွက် အမေရိကန်က စိုးရိမ်မှုရှိနေကြောင်းလည်း ကျွန်တော် အလေးအနက်ပြောကြားခဲ့ပါတယ်။—–

—“ ဒါတွေကို ကျွန်မတို့ ဆောင်ရွက်မှာပါ။ ဒါပေမယ့် ပထမဦးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရမှာပါ။” လို့ သူကပြောပါတယ်။ သူ့အတွက်တော့ လူ့အခွင့်အရေးဆိုင်ရာတိုးတက်မှုဟာ သူရဲ့ အဓိကအစီအစဉ်နဲ့ ခွဲခြားလို့မရခဲ့ပါဘူး။ “ ဒီမိုကရေစီမရရင် ကျွန်မတို့မှာ လူ့အခွင့်အရေးဆိုတာ မရှိနိုင်ပါဘူး” လို့ သူက ပြောပါတယ်။——

—သူက ဒေါသကြီးပြီးတော့ ခေါင်းမာတယ်။ သူ့ရဲ့ တိကျမှုအားနည်းချက်ဟာ သူ့ရဲ့ အတွေးအခေါ်ကို အပ်ကြောင်းထပ်နေတဲ့ အတွေးအခေါ်ဖြစ်စေနိုင်ပြီး တပါးသူတွေ သူ့အပေါ်ယုံကြည်မှုရှိလာစေပြီး သူ့ရဲ့ ကိစ္စတွေဟာ တပါးသူတွေအတွက် သူတို့ကိစ္စလို့ ခံစားရစေပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

Ref; How Aung San Suu Kyi broke the world’s hearts


Share this post