အာဆီယံ-အမေရိကန် အထူးအစည်းအဝေး ကျင်းပမည့်ရက် ရွှေ့ဆိုင်းလိုက်သည့်အကြောင်းရင်းကို ဝန်ကြီးချုပ် ဟွန်ဆန် ရှင်းလင်းပြောကြား
PUBLISHED - March 17, 2022
နိုင်ငံတကာ၊ မတ် ၁၇
ကမ္ဘောဒီးယားနိုင်ငံ၊ ပရေးဗန်မြို့မှာ မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ SOS children’s village လို့ခေါ်တဲ့ INGO အဖွဲ့တစ်ဖွဲ့ ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်း အာဆီယံ-အမေရိကန် အထူးအစည်းအဝေး ရွှေ့ ဆိုင်းလိုက်ရတဲ့အကြောင်းကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အများနားလည်အောင် ရှင်းလင်းပြောကြား သွားခဲ့ပါတယ်။
“အာဆီယံအလှည့်ကျဥက္ကဋ္ဌက အာဆီယံ-အမေရိကန် အထူးအစည်းအဝေးကို မတက်ရောက်ဘူးဆိုလို့ အထင် မလွဲလိုက်ကြပါနဲ့ဦး။ အစည်းအဝေးက အစီအစဉ်အငြင်းပွားမှုကြောင့် ယာယီရွှေ့ဆိုင်းလိုက်တာပါ။” လို့ ဝန်ကြီး ချုပ်ဟွန်ဆန်က ပြောပါတယ်။
“အမေရိကန်ဘက်က အဆိုပြုထားတဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၈/ ၂၉ ရက်နေ့တွေမှာ အာဆီယံအဖွဲ့ဝင်လေးနိုင်ငံ က အစည်းအဝေးမတက်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ အာဆီယံအဖွဲ့က အဆိုပြုထားတဲ့ မတ်လ ၂၆/ ၂၇ ရက်နေ့ တွေမှာကျင်းပဖို့ကျတော့လည်း အမေရိကန်က အဲဒီရက်တွေမှာ မတက်ရောက်နိုင်ဘူးလို့ပြောပါတယ်။” လို့ ဝန် ကြီးချုပ်ဟွန်ဆန်က ဆက်လက်ရှင်းပြပါတယ်။
“အစည်းအဝေးကျင်းပမယ့်ရက် သတ်မှတ်ဖို့က ပေါင်းစပ်ညှိနှိုင်းရေးမှူးတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ တာဝန်ဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌက အဲဒီအစည်းအဝေးကျင်းပမယ့်ရက် သတ်မှတ်ပိုင်ခွင့်မရှိပါဘူး။” လို့ ဝန် ကြီးချုပ်က ပြောပါတယ်။
အာဆီယံ-အမေရိကန် အစည်းအဝေးကို တရုတ်နိုင်ငံကဖိအားပေးလို့ ကမ္ဘောဒီးယားနိုင်ငံ ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူတချို့က ပြောဆိုလိုက်ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တုံ့ပြန်မှု ထွက် ပေါ်လာတာဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ အစည်းအဝေးအတွက် အဆိုပြုထားတဲ့ရက်တွေနဲ့ ပတ် သက်ပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်နေပြီးသားဖြစ်တဲ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာတာဝန်တွေကို ကျေပွန် အောင်ဆောင်ရွက်နိုင်ဖို့အတွက် ပြည်တွင်းမှာဆွေးနွေးရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး အထူးတလည် စီစဉ် ထားပြီးသားဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချွန်ဆန်ရီက ပြောပါတယ်။
ဒါပေမဲ့ တက်ရောက်လာမယ့်ခေါင်းဆောင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် အစည်းအဝေးကို ရွှေ့ဆိုင်း လိုက်ဖို့ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ သဘောတူလိုက်ပါတယ်။
Ref: OP NEWS: PM Hun Sen Clarifies on the Postponement of ASEAN-US Special Summit
#PeopleMedia
(unicode)
……………………………………
Ref: OP NEWS: PM Hun Sen Clarifies on the Postponement of ASEAN-US Special Summit
#PeopleMedia