• Follow Us on
Latest News

Home ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီ ယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြောကြား

ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီ ယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၇

 

ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာ ဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

ယမန်နေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးက တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း များအပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် ဦးစားပေးလုပ်ငန်းများတွင် ပါဝင်သည့် Digital Startup Ecosystem ရေးဆွဲရေး၊ ရေရှည်ဖွံဖြိုးတိုးတက်စေသော စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်ရေးဆွဲရေးနှင့် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေသည့် အာဆီယံခရီးသွားမူဘောင် ရေးဆွဲနိုင်ရေးအတွက် လေ့လာမှုများ ဆောင်ရွက်ခြင်း ကိစ္စရပ်များသည် ကာလကြာရှည်စွာဖြစ်ပေါ်နေသည့် ကိုဗစ်ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံကောင်းများဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီယံအဖွဲဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်း (၁၉) ခုကို ဆွေးနွေး အတည်ပြုသည်။

 

ဝန်ကြီးများက အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှု အောက်မှ ၂၀၂၂ ခုနှစ် အတွက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများကို အချိန်မီဆောင်ရွက်ရေး ဆွေးနွေးဆုံးဖြတ်သည်။

 

ထိုနောက် ဝန်ကြီးများက (၄၁) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ က တင်ပြသည့် အာဆီယံ၏ လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြ ကြောင်း သိရသည်။

 

(unicode)


…………………………………………

 


 


 


 


 


 


 



Share this post