• Follow Us on
Latest News

Home ရေးမြို့နယ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်အား လာရောက်ပစ်ခတ်သည့် PDF အဖွဲ့များထဲမှ (၁) ဦးအား ဗုံးပစ်လောင်ချာနှင့်အတူ အသေဖမ်းဆီးရမိ

ရေးမြို့နယ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်အား လာရောက်ပစ်ခတ်သည့် PDF အဖွဲ့များထဲမှ (၁) ဦးအား ဗုံးပစ်လောင်ချာနှင့်အတူ အသေဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးတံတားကြီး စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက် ၇ နာရီကျော်အချိန်က PDF များ လာရောက်ပစ်ခတ်တိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ခုခံမှုကြောင့် PDF (၁) ဦးအား ဗုံးပစ် လောင်ချာတစ်လက်နှင့် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရေးမြို့နယ်အတွင်းရှိ ရေးတံတားကြီးဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့အား PDF များမှ ၄၀မမ အပါအဝင် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ PDF များသည် ထိခိုက်မှုများဖြင့် ကျုံလောင်းကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့‌ ကြောင်း သိရသည်။

 

အထက်ပါ ပစ်ခတ်မှုများတွင် PDF (၁)ဦးအား အမ်-၇၉ ဗုံးပစ်လောင်ချာ (၁) လက်နှင့်အတူ အသေဖမ်းဆီး ရမိခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ (၁) ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရေးမြို့နယ်ရှိ ရေးတံတားကြီး စစ်ဆေးရေးဂိတ်အား ရေးဘီးလူးအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post