• Follow Us on

Home မြင်းခြံမြို့တွင် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

မြင်းခြံမြို့တွင် စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ သစ်ရုံကျေးရွာတွင်နေသည့် စစ်မှုထမ်းဟောင်းတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ဩဂုတ်လ ၃၀ ရက် မွန်းလွဲ ၁၂:၁၅ မိနစ်အချိန်တွင် PDF ၄ ဦးမှ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် သစ်ရုံကျေးရွာ တွင် နေသည့် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်း၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းရှိနေသည့် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်းကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသူမှာ (၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက် ထပရ-၉၂၅၊ မိုင်းဆတ်မှ တပ်သားအဆင့် ဆေး ဘုတ်ဖြင့် အငြိမ်းစားယူထား)သည့် အသက် (၃၃) နှစ်အရွယ် ဦးထွန်းထွန်းမှာ PDF များ၏ သေနတ်ပစ် ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post