• Follow Us on
Latest News

Home မရမ်းကုန်းမြို့တွင် ဓားပြတိုက်သူ အမျိုးသား (၉) ဦးနှင့်အတူ ငွေများ သိမ်းဆည်းရမိ

မရမ်းကုန်းမြို့တွင် ဓားပြတိုက်သူ အမျိုးသား (၉) ဦးနှင့်အတူ ငွေများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ ဘုရင့်နောင် ၁ ရပ်ကွက်၊ ဇေယျာမွန်အိမ်ရာ တိုက် ၁ အခန်း ၁၀၅ တွင် ဖွင့်လှစ်ထားသည့် “သုခရှင်” ဆန်ရောင်းဝယ်ရေးသို့ ဓားပြလာတိုက်သူ အမျိုးသား (၉) ဦးနှင့်အတူ ငွေများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် “သုခရှင်” ဆန်ရောင်းဝယ်ရေးသို့ ဦးထုပ်ဆောင်းပြီး Mask တပ်၍ ဓားပြလာတိုက်သူများကို သြဂုတ်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုဖမ်းဆီးရမိသူများမှာ ပြည်ဖြိုးအောင်(ခ)သာဓု၊ မောင်မောင်ထွေး၊ ရှိင်းထက်အောင်(ခ)သံချောင်း၊ ကောင်း စည်သူဖြိုး(ခ)လှစည်သူ၊ ကျော်စွာလင်း(ခ)ကျားကြီး၊ လင်းလင်းနိုင်(ခ)ကိုလင်း၊ နိုင်ထက်လင်း(ခ)အဖိုးကြီးနဲ့ အောင်ကျော်ကျော်(ခ)အောင်ကျော်တို့ကို ၎င်းတို့ဓားပြတိုက်သွားသည့် ငွေ (၁၈၈) သိန်း၊ လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ၎င်းတို့အသုံးပြုသည့် Probox ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မရမ်းကုန်းမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post