• Follow Us on
Latest News

Home ကခ်င္ျပည္နယ္အတြင္းရွိ တရားမဝင္နိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္း ျပည္နယ္ ဝန္ႀကီး ေျပာဆုိ

ကခ်င္ျပည္နယ္အတြင္းရွိ တရားမဝင္နိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ေၾကာင္း ျပည္နယ္ ဝန္ႀကီး ေျပာဆုိ

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ – ၁၇

ကခ်င္ျပည္နယ္အတြင္း ဝင္ေရာက္ေနထိုင္ေနသည့္ နိုင္ငံျခားသားမ်ား၏ အခြန္ေဆာင္ျခင္း၊ မေဆာင္ျခင္းတို႔ကို စိစစ္ေဖာ္ထုတ္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ယေန႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔က ေျပာသည္။

“တရားမဝင္နိုင္ငံျခားသားေတြနဲ႔ အခြန္မေဆာင္ဘဲ ေရွာင္ေနတဲ့ နိုင္ငံျခားသားေတြကို ရွာေဖြေဖာ္ထုတ္လို႔ ေတြ႕ ရင္ ဥပေဒအတိုင္း ထိထိေရာက္ေရာက္ အေရးယူသြားမယ္” ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္း အျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

ျပည္နယ္အတြင္းရွိ နိုင္ငံျခားသားမ်ားအေနျဖင့္ ယခုႏွစ္ ၂၀၁၉ ခုႏွစ္အတြက္ ႏွစ္ခ်ဳပ္အခြန္ေဆာင္ရန္ ဒီဇင္ဘာ လ ၁၉ ရက္ေန႔မွစတင္၍ အပတ္စဥ္ ၾကာသပေတးႏွင့္ ေသာၾကာရက္ႏွစ္ရက္တြင္း တစ္ျပည္နယ္လုံံးရွိ လဝက ႐ုံးမ်ား၌ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ အကယ္၍ ယင္းသို႔ သတ္မွတ္ထားေသာကာလမ်ားတြင္ မေဆာင္ဘဲ စိစစ္ေတြ႕ရွိပါက ဥပေဒအရ ထိထိေရာက္ေရာက္အေရးယူေဆာင္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

အဆိုပါနိုင္ငံျခားသားမ်ားအတြက္ အခြန္ေဆာင္ျခင္းလုပ္ငန္းကို အပတ္စဥ္ ၾကာသပေတးႏွင့္ ေသာၾကာေန႔တို႔ တြင္ ဦးစားေပးျပဳလုပ္ေပးသြားမည္ျဖစ္သည့္အတြက္ ျပည္သူလူထုမ်ား၏ အိမ္ေထာင္စုႏွင့္ မွတ္ပုံတင္လုပ္ငန္း ေဆာင္႐ြက္ေပးျခင္းကို အပတ္စဥ္ တနဂၤလာ၊ အဂၤါႏွင့္ ဗုဒၶဟူးေန႔တို႔၌သာ ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

ကခ်င္ျပည္နယ္အတြင္း၌ တ႐ုတ္နိုင္ငံသား ၂၁၆၆ ဦး၊ အိႏၵိယ ၁၁၃ ဦး၊ ပါကီစတန္ ၁၄ ဦးႏွင့္ နီေပါ ၂၆ ဦး၊ စုစုေပါင္း ၂၃၁၉ ဦးတို႔ျဖစ္ၿပီး ၁၂ ႏွစ္အထက္ ဝင္ေရာက္ေနထိုင္သူမ်ားမွာ တ႐ုတ္ ၁၂၆၉ ဦး၊ အိႏၵိယ ၂၅ ဦး၊ ပါကီစတန္ ၂ ဦးႏွင့္ နီေပါ ၅ ဦး၊ စုစုေပါင္း ၁၃၀၁ ဦးတရားဝင္ေနထုိင္လ်က္ရွိသည္။
လက္ရွိနိုင္ငံျခားသားမ်ားအေနျဖင့္ ျပည္နယ္အတြင္း ဝင္ေရာက္ေနထိုင္မည္ဆိုပါက တစ္ႏွစ္ပတ္လုံးအတြက္ တစ္ဦးလွ်င္ ျမန္မာက်ပ္ေငြ က်ပ္ ၅၀အခြန္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယင္းအခြန္ေဆာင္ျခင္းသည္ ၁၉၄၈ ခုႏွစ္က ျပဌာန္းထားသည့္ ဥပေဒအရသာျဖစ္ၿပီး ယင္းဥပေဒကို လက္ရွိမွာ ျပန္လည္ျပင္ဆင္နိုင္ရန္ လုပ္ေဆာင္ ေနေၾကာင္း သိရသည္။

ေကာင္းေကာင္း

#PeopleMedia

(Unicode)
ကချင်ပြည်နယ်အတွင်းရှိ တရားမဝင်နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီး ပြောဆို
……………………………………………………………

မြစ်ကြီးနား၊ ဒီဇင်ဘာ – ၁၇

ကချင်ပြည်နယ်အတွင်း ဝင်ရောက်နေထိုင်နေသည့် နိုင်ငံခြားသားများ၏ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းတို့ကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောသည်။

“တရားမဝင်နိုင်ငံခြားသားတွေနဲ့ အခွန်မဆောင်ဘဲ ရှောင်နေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေဖော်ထုတ်လို့ တွေ့ ရင် ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

ပြည်နယ်အတွင်းရှိ နိုင်ငံခြားသားများအနေဖြင့် ယခုနှစ် ၂၀၁၉ ခုနှစ်အတွက် နှစ်ချုပ်အခွန်ဆောင်ရန် ဒီဇင်ဘာ လ ၁၉ ရက်နေ့မှစတင်၍ အပတ်စဉ် ကြာသပတေးနှင့် သောကြာရက်နှစ်ရက်တွင်း တစ်ပြည်နယ်လုံးရှိ လဝက ရုံးများ၌ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အကယ်၍ ယင်းသို့ သတ်မှတ်ထားသောကာလများတွင် မဆောင်ဘဲ စိစစ်တွေ့ရှိပါက ဥပဒေအရ ထိထိရောက်ရောက်အရေးယူဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

အဆိုပါနိုင်ငံခြားသားများအတွက် အခွန်ဆောင်ခြင်းလုပ်ငန်းကို အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့တို့ တွင် ဦးစားပေးပြုလုပ်ပေးသွားမည်ဖြစ်သည့်အတွက် ပြည်သူလူထုများ၏ အိမ်ထောင်စုနှင့် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးခြင်းကို အပတ်စဉ် တနင်္ဂလာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့၌သာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း၌ တရုတ်နိုင်ငံသား ၂၁၆၆ ဦး၊ အိန္ဒိယ ၁၁၃ ဦး၊ ပါကီစတန် ၁၄ ဦးနှင့် နီပေါ ၂၆ ဦး၊ စုစုပေါင်း ၂၃၁၉ ဦးတို့ဖြစ်ပြီး ၁၂ နှစ်အထက် ဝင်ရောက်နေထိုင်သူများမှာ တရုတ် ၁၂၆၉ ဦး၊ အိန္ဒိယ ၂၅ ဦး၊ ပါကီစတန် ၂ ဦးနှင့် နီပေါ ၅ ဦး၊ စုစုပေါင်း ၁၃၀၁ ဦးတရားဝင်နေထိုင်လျက်ရှိသည်။
လက်ရှိနိုင်ငံခြားသားများအနေဖြင့် ပြည်နယ်အတွင်း ဝင်ရောက်နေထိုင်မည်ဆိုပါက တစ်နှစ်ပတ်လုံးအတွက် တစ်ဦးလျှင် မြန်မာကျပ်ငွေ ကျပ် ၅၀အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအခွန်ဆောင်ခြင်းသည် ၁၉၄၈ ခုနှစ်က ပြဌာန်းထားသည့် ဥပဒေအရသာဖြစ်ပြီး ယင်းဥပဒေကို လက်ရှိမှာ ပြန်လည်ပြင်ဆင်နိုင်ရန် လုပ်ဆောင် နေကြောင်း သိရသည်။

ကောင်းကောင်း

#PeopleMedia


Share this post