• Follow Us on
Latest News

Home အိုင္စီေဂ်အမိန္႔႐ွိေပမဲ့ ရခိုင္မွာ အၾကမ္းဖက္မႈေတြျမင့္တက္ေနတယ္လို႔ ARU ေျပာ

အိုင္စီေဂ်အမိန္႔႐ွိေပမဲ့ ရခိုင္မွာ အၾကမ္းဖက္မႈေတြျမင့္တက္ေနတယ္လို႔ ARU ေျပာ

Share this post

ဒါကာ၊ ေဖေဖာ္ဝါရီ ၁၃

ဘဂၤါလီေတြကိုကာကြယ္ဖို႔ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)က ၾကားျဖတ္ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြ လုပ္ထားရမယ္ဆိုၿပီး အမိန္႔ခ်ထားေပမဲ့ ရခိုင္ျပည္နယ္မွာ သတ္ျဖတ္မႈနဲ႔ လိင္ပိုင္းအၾကမ္းဖက္မႈေတြ ျမင့္တက္ ေနတယ္လို႔ ဘဂၤါလီအခြင့္အေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ အာရကန္႐ိုဟင္ဂ်ာသမဂၢ (ARU) ကေျပာပါတယ္။

အိုင္စီေဂ်က လူမ်ိဳးတုန္းသတ္ျဖတ္မႈကို ႏိုင္ငံတကာပရိယာယ္တစ္ခုအေနနဲ႔ ျမန္မာႏိုင္ငံဘက္ကသတ္မွတ္ခဲ့ၿပီး တဲ့ေနာက္ ရခိုင္ျပည္နယ္ကအေျခအေနေတြက ဆိုးတဲ့ဘက္ကေနပိုဆိုးတဲ့ဘက္ေရာက္သြားတယ္လို႔ ARU က ၾကာသပေတးေန႔မွာထုတ္ျပန္တာပါ။

အိုင္စီေဂ်အမိန္႔ေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈမျဖစ္ခဲ့ဘဲ စစ္ရာဇ၀တ္မႈေတြနဲ႔ လူ႔အခြင့္ အေရးဆိုးဆိုး႐ြား႐ြားခ်ိဳးေဖာက္မႈေတြ႐ွိခဲ့ေပမဲ့ လူမ်ိဳးတုန္းသတ္ျဖတ္ဖို႔ ရည္႐ြယ္ခ်က္မ႐ွိခဲ့ဘူးလို႔ ျမန္မာႏိုင္ငံရဲ႕ သမၼတ႐ံုးက ခုခံေခ်ပခဲ့တယ္လို႔လည္း ARU ကေျပာပါတယ္။

“ဂမ္ဘီယာက ျမန္မာႏိုင္ငံကို အိုင္စီေဂ်မွာမတိုင္ခင္ ရက္စက္မႈ၊ စစ္ရာဇ၀တ္မႈဆိုတဲ့အသံုးအႏႈန္းေတြ ျမန္မာ အစိုးရက တစ္ခါမွမသံုးခဲ့ပါဘူး။ ၿပီးေတာ့ ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြကိုအၾကမ္းဖက္ခဲ့တာေတြကိုၫႊန္းတဲ့ မႈခင္းစံုစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ မေျပာခဲ့ဘူး” လို႔လည္း ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

ထြက္ေျပးတဲ့ဘဂၤါလီအမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြကိုပစ္သတ္ဖို႔ လက္နက္ကိုင္တပ္ဖြဲ႕ေတြကို ျမန္မာအစိုးရက အသံုးျပဳခဲ့ၿပီး ျပည္တြင္းအသိုင္းအ၀န္းမ်ားၾကားအၾကမ္းဖက္မႈလို႔ သတ္မွတ္ခဲ့တယ္ဆိုၿပီးလည္း ARU က ေျပာပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ေတြမွာ ရခိုင္ေျမာက္ပိုင္းမွာ ဘဂၤါလီေတြကိုက်ဴးလြန္တဲ့အၾကမ္းဖက္မႈေတြ ဆက္တိုက္ျမင့္ တက္ေနတယ္လို႔ ေျမျပင္အစီရင္ခံစာေတြကိုကိုးကားၿပီးထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။ ေဖေဖာ္ဝါရီ ၃ ရက္က ဘူးသီးေတာင္ၿမိဳ႕နယ္မွာ႐ွိတဲ့ ဘဂၤါလီ အိမ္ ၂ လံုးကို ျမန္မာ့တပ္မေတာ္ကမီး႐ွိဳ႕ခဲ့ၿပီး ဘာလို႔မီး႐ွိဳ႕သလဲဆိုတဲ့ အေၾကာင္းျပခ်က္မေပးဘူးလို႔လည္း ARU က ေျပာတာပါ။ ဇန္နဝါရီ ၇ ရက္ကလည္း ဘဂၤါလီမူလတန္းေက်ာင္း တစ္ေက်ာင္းကို ေဖာက္ခြဲေရးပစၥည္းထိမွန္လို႔ ေက်ာင္းသား ၁၀ ေယာက္နဲ႔ ဆရာတို႔ထဲက ၄ ေယာက္ပြဲခ်င္းၿပီး ေသဆံုးခဲ့ၿပီး ဆရာအပါအ၀င္ ေနာက္ထပ္ ၇ ေယာက္ေသဆံုးခဲ့သလို ဇန္နဝါရီ ၂၅ ရက္မွာ ဆင္ေဒါင္႐ြာမွာ ျမန္မာ့တပ္မေတာ္က တပ္ဖြဲ႕၀င္ေတြပါ၀င္တဲ့ မုဒိမ္းမႈ ၂ မႈျဖစ္ပြားခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါ၀င္ပါ တယ္။ အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(အိုအိုင္စီ)နဲ႔ ႏိုင္ငံတကာအသိုင္းအ၀န္းအေနနဲ႔ အိုင္စီ ေဂ်အမိန္႔ကို ျမန္မာႏိုင္ငံလိုက္နာေအာင္ ဖိအားေတြဆက္ေပးဖို႔လည္း ARU က တိုက္တြန္းပါတယ္။

Source – Dhaka Tribune

Photo – AFP

#PeopleMedia #Rakhine #ARU #Bengali #ICJ #OIC

(Unicode)
အိုင်စီဂျေအမိန့်ရှိပေမဲ့ ရခိုင်မှာ အကြမ်းဖက်မှုတွေမြင့်တက်နေတယ်လို့ ARU ပြော
………………………………………………………

ဒါကာ၊ ဖေဖော်ဝါရီ ၁၃

ဘင်္ဂါလီတွေကိုကာကွယ်ဖို့ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)က ကြားဖြတ်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေ လုပ်ထားရမယ်ဆိုပြီး အမိန့်ချထားပေမဲ့ ရခိုင်ပြည်နယ်မှာ သတ်ဖြတ်မှုနဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေ မြင့်တက် နေတယ်လို့ ဘင်္ဂါလီအခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အာရကန်ရိုဟင်ဂျာသမဂ္ဂ (ARU) ကပြောပါတယ်။

အိုင်စီဂျေက လူမျိုးတုန်းသတ်ဖြတ်မှုကို နိုင်ငံတကာပရိယာယ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံဘက်ကသတ်မှတ်ခဲ့ပြီး တဲ့နောက် ရခိုင်ပြည်နယ်ကအခြေအနေတွေက ဆိုးတဲ့ဘက်ကနေပိုဆိုးတဲ့ဘက်ရောက်သွားတယ်လို့ ARU က ကြာသပတေးနေ့မှာထုတ်ပြန်တာပါ။

အိုင်စီဂျေအမိန့်နောက်ပိုင်း ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုမဖြစ်ခဲ့ဘဲ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့် အရေးဆိုးဆိုးရွားရွားချိုးဖောက်မှုတွေရှိခဲ့ပေမဲ့ လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံရဲ့ သမ္မတရုံးက ခုခံချေပခဲ့တယ်လို့လည်း ARU ကပြောပါတယ်။

“ဂမ်ဘီယာက မြန်မာနိုင်ငံကို အိုင်စီဂျေမှာမတိုင်ခင် ရက်စက်မှု၊ စစ်ရာဇဝတ်မှုဆိုတဲ့အသုံးအနှုန်းတွေ မြန်မာ အစိုးရက တစ်ခါမှမသုံးခဲ့ပါဘူး။ ပြီးတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကိုအကြမ်းဖက်ခဲ့တာတွေကိုညွှန်းတဲ့ မှုခင်းစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မပြောခဲ့ဘူး” လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ထွက်ပြေးတဲ့ဘင်္ဂါလီအမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုပစ်သတ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မြန်မာအစိုးရက အသုံးပြုခဲ့ပြီး ပြည်တွင်းအသိုင်းအဝန်းများကြားအကြမ်းဖက်မှုလို့ သတ်မှတ်ခဲ့တယ်ဆိုပြီးလည်း ARU က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီတွေကိုကျူးလွန်တဲ့အကြမ်းဖက်မှုတွေ ဆက်တိုက်မြင့် တက်နေတယ်လို့ မြေပြင်အစီရင်ခံစာတွေကိုကိုးကားပြီးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၃ ရက်က ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ဘင်္ဂါလီ အိမ် ၂ လုံးကို မြန်မာ့တပ်မတော်ကမီးရှို့ခဲ့ပြီး ဘာလို့မီးရှို့သလဲဆိုတဲ့ အကြောင်းပြချက်မပေးဘူးလို့လည်း ARU က ပြောတာပါ။ ဇန်နဝါရီ ၇ ရက်ကလည်း ဘင်္ဂါလီမူလတန်းကျောင်း တစ်ကျောင်းကို ဖောက်ခွဲရေးပစ္စည်းထိမှန်လို့ ကျောင်းသား ၁၀ ယောက်နဲ့ ဆရာတို့ထဲက ၄ ယောက်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆရာအပါအဝင် နောက်ထပ် ၇ ယောက်သေဆုံးခဲ့သလို ဇန်နဝါရီ ၂၅ ရက်မှာ ဆင်ဒေါင်ရွာမှာ မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ မုဒိမ်းမှု ၂ မှုဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါ တယ်။ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)နဲ့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အိုင်စီ ဂျေအမိန့်ကို မြန်မာနိုင်ငံလိုက်နာအောင် ဖိအားတွေဆက်ပေးဖို့လည်း ARU က တိုက်တွန်းပါတယ်။

Source – Dhaka Tribune

Photo – AFP

#PeopleMedia #Rakhine #ARU #Bengali #ICJ #OIC


Share this post