• Follow Us on
Latest News

Home W.H.O သတိပေးချက်ရှိနေချိန်မှာ အာရှနိုင်ငံတွေကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တိုက်ခိုက်နေ


Share this post

မတ် ၁၈၊ ဟောင်ကောင်









(Unicode)
W.H.O သတိပေးချက်ရှိနေချိန်မှာ အာရှနိုင်ငံတွေကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တိုက်ခိုက်နေ
…………………………………………………………

မတ် ၁၈၊ ဟောင်ကောင်

တချို့နိုင်ငံတွေအနေနဲ့ ပြင်းထန်တဲ့အစီအမံတွေလုပ်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က သတိပေးထားချိန်မှာပဲ အာရှနိုင်ငံတော်တော်များများဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးစစ်ပွဲကို အရှိန်မြှင့်တင်ရင်ဆိုင်နေရပါတယ်။

မလေးရှား၊ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်တို့ဟာ နယ်စပ်တွေတင်းကြပ်လိုက်တဲ့နိုင်ငံတွေထဲပါဝင်နေပါတယ်။

အရှေ့တောင်အာရှမှာတော့ ဖြစ်ပွားမှု ၅၀၀ အောက်မှာပဲရှိသေးပေမဲ့ ဖြစ်ပွားမှုမြင့်တက်လာရင် ကျန်းမာရေးစနစ်တွေကို လွှမ်း ခြုံသွားလိမ့်မယ်လို့ စိုးရိမ်နေတာတွေရှိနေပါတယ်။

ကမ္ဘာအနှံ့မှာတော့ ဖြစ်ပွားမှု ၁၈၅၀၀၀ ကျော်နေပြီး သေဆုံးသူ ၇၅၀၀ ကျော်နေပါပြီ။

တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့လို နိုင်ငံနဲ့ဒေသတွေကတော့ ဗိုင်းရပ်စ်ကိုထိန်းချုပ်၊ အရှိန်လျှော့ချရာမှာ အောင် မြင်ခဲ့ပေမဲ့ ကူးစက်မှုပြန်မြင့်တက်နေတာတွေရှိနေပြီး နိုင်ငံခြားကပြန်လာသူတွေက ဗိုင်းရပ်စ်တင်သွင်းနေကြတယ်လို့ စိုးရိမ်နေ ကြပါတယ်။

အစိုးရက စီးပွားရေးတိုးတက်လာအောင် လှုံ့ဆော်တဲ့အစီအစဉ်တွေကြောင့် ကူးစက်မှုရဲ့ ဆိုးကျိုးသက်ရောက်မှုသက်သာစေမယ် ဆိုတဲ့မျှော်လင့်ချက်တွေလည်း ကမ္ဘာ့ကပ်ရောဂါဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ပြီး အာရှစတော့ဈေးကွက်တန်ဖိုးတွေလည်း ဆက်ပြီး ကျဆင်းနေပါတယ်။

Ref : Coronavirus: Asian nations face virus battle amid WHO warning

#PeopleMedia #CoronaVirus #AsianMarket


Share this post