• Follow Us on

Home ၾကက္ဝုိင္းကုိ မန္းရဲတပ္ဖြဲ႕မွ ဝင္ေရာက္ဖမ္းဆီးရာ ေမာ္ေတာ္ယာဥ္(၅)စီး၊ ဆုိင္ကယ္အစီး(၁၀၀)၊ လူ(၅) ေယာက္ ဖမ္းမိ

ၾကက္ဝုိင္းကုိ မန္းရဲတပ္ဖြဲ႕မွ ဝင္ေရာက္ဖမ္းဆီးရာ ေမာ္ေတာ္ယာဥ္(၅)စီး၊ ဆုိင္ကယ္အစီး(၁၀၀)၊ လူ(၅) ေယာက္ ဖမ္းမိ

Share this post

ရန္ကုန္၊ မတ္ – ၁၈

မႏၱေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ေဒါင္းေ႐ြးအုပ္စု၊ ေဒါင္းေ႐ြး႐ြာကြင္း၊ သရက္ၿခံအတြင္း ၾကက္ဝုိင္းကုိ မန္းရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ေမာ္ေတာ္ယာဥ္(၅)စီး၊ ဆုိင္ကယ္အစီး(၁၀၀)၊ လူ(၅)ေယာက္ ဖမ္းဆီးႏုိင္ ခဲ့ပါတယ္။

ျဖစ္စဥ္မွာ မတ္(၁၆)ရက္၊ (၁း၄၅)အခ်ိန္၌ မဟာေအာင္ေျမၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ေအာင္ေျမသာ စံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ အမရပူရၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ မႏၲေလးခ႐ုိင္၊ မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္း အဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ အမရပူရၿမိဳ႕နယ္၊ ေဒါင္းေ႐ြးအုပ္စု၊ ေဒါင္းေ႐ြး႐ြာကြင္း၊ သရက္ၿခံအတြင္း ၾကက္တိုက္ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။

ထုိသုိ႔ ဖမ္းဆီးရာတြင္ လူ(၅)ဦး ႏွင့္ SGG 5P-xxxx Hyundai Sonata အနက္ေရာင္ယာဥ္(၁)စီး၊ MDY GG/ xxxx AD Van အျဖဴေရာင္ ယာဥ္ (၁)စီး၊ MDY 5H/xxxx Fielder အနက္ေရာင္ယာဥ္(၁)စီး၊ MDY BB/ xxxx AD Van ခဲေရာင္ ယာဥ္(၁)စီး၊ MDY 4K/xxxx Suzuki အျဖဴေရာင္ ေခြးဘီးလူး ယာဥ္(၁)စီး၊ စုစုေပါင္းေမာ္ ေတာ္ယာဥ္ (၅)စီး၊ ေလာင္းေၾကးေငြစုစုေပါင္း(၁၃၀၆၇၅၀)က်ပ္၊ ဆိုင္ကယ္မ်ိဳးစုံ (၁၀၀) စီးတို႔ႏွင့္အတူ ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ပါတယ္။

ဖမ္းမိပါ (၅) ဦးကုိ ျမစ္ငယ္နယ္ေျမရဲစခန္း(ပ)၁၀၇/၂၀၂၀၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က)အရ အမႈဖြင့္စစ္ေဆးေဆာင္႐ြက္လ်က္ရွိပါတယ္။

#PeopleMedia

(Unicode)
ကြက်ဝိုင်းကို မန်းရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာ မော်တော်ယာဉ်(၅)စီး၊ ဆိုင်ကယ်အစီး(၁၀၀)၊ လူ(၅) ယောက် ဖမ်းမိ
………………………………………………………

ရန်ကုန်၊ မတ် – ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးအုပ်စု၊ ဒေါင်းရွေးရွာကွင်း၊ သရက်ခြံအတွင်း ကြက်ဝိုင်းကို မန်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မော်တော်ယာဉ်(၅)စီး၊ ဆိုင်ကယ်အစီး(၁၀၀)၊ လူ(၅)ယောက် ဖမ်းဆီးနိုင် ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မတ်(၁၆)ရက်၊ (၁း၄၅)အချိန်၌ မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ အောင်မြေသာ စံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ ဒေါင်းရွေးအုပ်စု၊ ဒေါင်းရွေးရွာကွင်း၊ သရက်ခြံအတွင်း ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရာတွင် လူ(၅)ဦး နှင့် SGG 5P-xxxx Hyundai Sonata အနက်ရောင်ယာဉ်(၁)စီး၊ MDY GG/ xxxx AD Van အဖြူရောင် ယာဉ် (၁)စီး၊ MDY 5H/xxxx Fielder အနက်ရောင်ယာဉ်(၁)စီး၊ MDY BB/ xxxx AD Van ခဲရောင် ယာဉ်(၁)စီး၊ MDY 4K/xxxx Suzuki အဖြူရောင် ခွေးဘီးလူး ယာဉ်(၁)စီး၊ စုစုပေါင်းမော် တော်ယာဉ် (၅)စီး၊ လောင်းကြေးငွေစုစုပေါင်း(၁၃၀၆၇၅၀)ကျပ်၊ ဆိုင်ကယ်မျိုးစုံ (၁၀၀) စီးတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းမိပါ (၅) ဦးကို မြစ်ငယ်နယ်မြေရဲစခန်း(ပ)၁၀၇/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia


Share this post