• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ကျောက်တော်မြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA ရဲ့ အခွန်ရုံးအပါအဝင် AA အဖွဲ့စခန်းချရာ နေရာများကို တပ်မတော် ဗုံးကြဲရှင်းလင်း

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃၀) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်

Share this post

နေပြည်တော်၊ နို၀င်ဘာ ၁၇

 

ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်စဉ်(၃၀) သင်တန်းဖွင့်ပွဲများကို ယမန်နေ့တွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ကျင်းပ ပြုလုပ်ကြသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး၊ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃၀)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့်  အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

 

ဒို့တာဝန်အရေးသုံးပါးကို  ထိန်းသိမ်းစောင့်ရှောက်ရန်  နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို  ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့်  နိုင်ငံတော်၏   ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်  ရည်ရွယ်၍ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့်  ပြည်သူ့စစ်မှုထမ်း  နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ  ထမ်းဆောင်နေကြပြီဖြစ်သည်။

 

#PeopleMedia


Share this post