• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ကျောက်တော်မြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA ရဲ့ အခွန်ရုံးအပါအဝင် AA အဖွဲ့စခန်းချရာ နေရာများကို တပ်မတော် ဗုံးကြဲရှင်းလင်း

ကျောက်တော်မြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA ရဲ့ အခွန်ရုံးအပါအဝင် AA အဖွဲ့စခန်းချရာ နေရာများကို တပ်မတော် ဗုံးကြဲရှင်းလင်း

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၇

 

ကျောက်တော်မြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA ရဲ့ အခွန်ရုံးအပါအဝင် AA အဖွဲ့စခန်းချရာ နေရာများကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာလ (၁၆)ရက် ည (၁၁)နာရီ (၃၅)မိနစ်အချိန်ကနေ နိုဝင်ဘာလ (၁၇)ရက် နံနက် (၁)နာရီကျော်အထိ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ အခွန်ရုံး၊ ကစ္စပနဒီတံတားအောက်မှာ ဖွင့်ထားတဲ့ အကြမ်းဖက် AA ရဲ့ မောင်းတံဂိတ်အပါအဝင် AA အဖွဲ့စခန်းချရာ နေရာများကို တပ်မတော်က လေကြောင်းနဲ့  အကြိမ်ကြိမ် ဗုံးကြဲရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

 

ယင်းသို့ တပ်မတော်က လေကြောင်းနဲ့ ရှင်းလင်းခဲ့တာကြောင့် အဆိုပါ နေရာတွေမှာ အပြင်းအထန်ပေါက်ကွဲပြီး မီးလောင်ကျွမ်းတာတွေ ဖြစ်ခဲ့သလို အကြမ်းဖက် AA အဖွဲ့ဝင် အများအပြားလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့အချိန်ကလည်း ကျောက်တော်မြို့ရှိ ထွေအုပ်ရုံးကို တပ်မတော်က လေကြောင်းနဲ့ ရှင်းလင်းခဲ့ရာမှာ အကြမ်းဖက် AA အဖွဲ့ရဲ့ ဗဟိုအခွန်မှူးအပါအဝင် အကြမ်းဖက် AA အဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက် AA အဖွဲ့ဝင်တွေအနေနဲ့ ကျောက်တော်မြို့ရှိ ဆေးရုံ၊ စာသင်ကျောင်း၊ တရားရုံး၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်အပါအဝင် ဌာနဆိုင်ရာနေရာတွေကို ၎င်းတို့ရဲ့စခန်းအဖြစ် ပြန်လည်အသုံးပြုနေကြပြီး ဒေသခံတွေကို အဆမတန် အခွန် ကောက်တာတွေ၊ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာတွေ၊ အာဏာပါဝါပြနေကြတာတွေ၊ လက်ဝါးကြီးအုပ် လုပ်စားနေကြတာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

 

ကျောက်တော်မြို့က အကြမ်းဖက် AA အဖွဲ့ဝင်တွေရဲ့ ကုန်စည်စီးဆင်းရာ အဓိကနေရာဖြစ်ပြီး စီးပွါးရေးလုပ်ပိုင်ခွင့် အားလုံးကို အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမဖြစ်သူ ဦးစံကျော်လှက လက်ဝါးကြီးအုပ် လုပ်ဆောင်ကာ ဦးစံကျော်လှက ကျောက်တော်မြို့ရှိ ပြည်သူပိုင် အိမ်ကို အတင်းအဓမ္မ သိမ်းယူထားတယ်လို့လည်း သိရပါတယ်။

 

#PeopleMedia


Share this post