နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ လုံးဝသည်းခံမှုမရှိသည့်မူဝါဒ (Zero-tolerance policy)ဖြင့် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား
PUBLISHED - November 18, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၈
နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ လုံးဝသည်းခံမှုမရှိသည့်မူဝါဒ (Zero-tolerance policy) ဖြင့် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး Ms. Delphine Sch-antz အား ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ UNODC ၏ နိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ UNODC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PeopleMedia