ပြည်ပဈေးကွက်ချဲ့ထွင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
PUBLISHED - November 18, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၈
ပြည်ပဈေးကွက်ချဲ့ထွင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးဟူသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပဈေး ကွက်ချဲ့ထွင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်းမြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
#PeopleMedia