• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဒေါပုံမြို့နယ်မှာ ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရွှေမင်းဝန်ဘုရားပွဲမှာ အကြမ်းဖက်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် (၆)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာအနီးမှာရှိတဲ့ ရွှေမင်းဝန်ဘုရားပွဲမှာ အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦးက လက်နက်ငယ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် (၆)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာ ၁၈ ရက်နေ့ည ၁၀ နာရီခွဲ အချိန်က ရွှေမင်းဝန်ဘုရားဝန်းအတွင်းမှာ ဘုရားပွဲသို့ လာရောက်တဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦးက လက်နက်ငယ်နဲ့ အကြောင်းမဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

 

ယင်းသို့ အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဘုရားဝန်းအတွင်းရှိ ဒေသခံပြည်သူ (၆)ဦး သေဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ယင်းနောက်မှာတော့ ဖြစ်စဉ်ဖြစ်ပွါးရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံ ပြည်သူတွေကို ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွါးခဲ့တဲ့ ရွှေမင်းဝန်တောင်ဟာ မြစ်သားမြို့နယ် မင်းဝန်ကျေးရွာရဲ့ အနောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃၃၁)မိုင် (၅)ဖာလုံအနီးမှာ တည်ရှိပါတယ်။

 

အဆိုပါ ဒေသက နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့် အကြမ်းဖက် PDF အဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ အမြဲလိုလို လုပ်ဆောင်လေ့ရှိတယ်လို့လည်း သိရပါတယ်။

 

#PeopleMedia


Share this post