• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား

ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၉

 

ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကချင်ပြည်နယ်သည် သဘာဝတောတောင်ရေမြေနှင့် မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝမှုရှိပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါက လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏ အနာဂတ်၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် အားလုံးက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ပြောသည်။

 

ထို့အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ ပြည်ထောင်စုအတိုင်ပင်ခံအဖွဲ့ဝင် ဒေါ်ဒွဲဘူက ငြိမ်းချမ်းရေးအတွက် ကချင်လူထုအားလုံး ပူးပေါင်းပါဝင်လာစေရေး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက စည်းရုံးလှုံ့ဆော်တိုက်တွန်းနိုင်ရေးအတွက်လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး သိလိုသည်များနှင့် အကြံပြုတင်ပြချက်များ၊ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများ နေရပ်ပြန်လည် နေထိုင်နိုင်ရေးနှင့် ၎င်းတို့၏ လိုလားချက်များကို ရင်းနှီးပွင့်လင်းစွာတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post