• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဒေါပုံမြို့နယ်မှာ ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဒေါပုံမြို့နယ်မှာ ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှာ ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာလ ၁၃ ရက် နေ့ခင်း (၂)နာရီ (၂၀)မိနစ်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ မြို့မလမ်းတွင် မောင်အေးထွန်း နှင့် ထွန်းချေ(ခ)ဒေါင်းချေ တို့အား HONDA CR-V အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁,၀၂၀,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံ) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဝင်း(ခ)ကျော်ဝင်းချေ အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတောရပ်ကွက်၊ ကွက်သစ်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

 

ယင်းအတွက်ကြောင့် မောင်အေးထွန်း (၆၀)နှစ်၊ ထွန်းချေ (ခ) ဒေါင်းချေ (၅၈)နှစ်နှင့် ကျော်ဝင်း (ခ) ကျော်ဝင်းချေ (၅၅)နှစ်တို့အား ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

#PeopleMedia


Share this post