• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရှိ ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ Level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ရ

ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲ ၁၈ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာန အပါအဝင် KNU ၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၀

 

ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း နိုဝင်ဘာလ ၃ ရက်မှ နိုဝင်ဘာ ၁၉ရက်နေ့ထိ အကြမ်းဖက်သောင်းကျန်းသူများနှင့် စုစုပေါင်း တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး CRPH ၊ NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် KNU ၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အကြမ်းဖက် အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုခိုအောင်း နေထိုင်ရာနေရာများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျချီ တက်တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်ရှိ CRPH ၊ NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီအခြေပြုစခန်း ၁၁ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်/ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက နိုဝင်ဘာလ ၉ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ထီးကလာချောင်းအနီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း ၂ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၀ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော့ထီးချောင်းအနီး KNLA တပ်မဟာ(၁)၊ ရင်း(၃)အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ကလောချောင်းအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၃ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော့ထီးချောင်းအနီးတွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၂ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့်စခန်း ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ နတ်စင်ရွာနှင့် ကျောက်ဖျာရွာအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၃ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့တောင်ဘက် ချောင်းစောက်ရွာအနီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ခိုအောင်းဆေးကုသနေသည့်နေရာ ၁ ခုအားလည်းကောင်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများက အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ စစ်စခန်းအဖြစ်အသုံးပြုကာ အဓိကအခြေပြုနေသည့် ချောင်းစောက်ရွာ အားလည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ဦးတည်ရာမဲ့ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးရာနောက်သို့ အောင်မြေချဲ့ထက်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၉ ရက်၊ ယနေ့တွင် ချောင်းစောက်ရွာအနီး ဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၃ ခုအား ထပ်မံ၍ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏စခန်း ၁၇ ခု တို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၁၅၈ ခု၊ 4 x 4 မော်တော်ယာဉ် ၂ စီး၊ ဒေသန္တရလုပ်မော်တော်ယာဉ် ၁ စီး၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ လူနေတဲများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်း အများအပြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

တပ်မတော်စစ်ကြောင်းများက အဆိုပါ ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာလ ၃ ရက်မှ ယနေ့ထိ အကြမ်းဖက်သောင်းကျန်းသူများနှင့် စုစုပေါင်း တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး CRPH ၊ NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် KNU ၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၁၃၄ လက်၊ ကျည်မျိုးစုံ ၁၃၇၁၉ တောင့်၊ မိုင်းမျိုးစုံ၊ ဗုံးသီးအမြောက်အများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post