• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise)ဆောင်ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်ထုတ်ပြန်

မော်စကိုမြို့၌ ကျင်းပသည့် နိုင်ငံတကာစည်ပင်သာယာရေး ဖိုရမ်-၂၀၂၆ သို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌ နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် နိုင်ငံတကာစည်ပင်သာယာရေးဖိုရမ် – ၂၀၂၆ (International Municipal Forum 2026) သို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးကံမြင့်သန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 

အဆိုပါဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ Roscongress ဖောင်ဒေးရှင်းနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်ဖိုရမ်ကို ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြအသွင်ကူးပြောင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

ဖိုရမ်သို့ နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ တက်ရောက်ကြသည်။ ဖိုရမ်၌ နိုင်ငံတကာဆက်ဆံရေး၊ စည်ပင်သာယာရေးအဖွဲ့များ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ စသည့်ကဏ္ဍ (၅) ခုဖြင့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးကံမြင့်သန်းဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးခင်မောင်အေးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post