• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွားကို မျှတစွာကြည့်ရှု၍ ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် ပြည်ထောင်စု၀န်ကြီး ဦးမောင်မြင့် ပြောကြား

တပ်မတော်က အငြိမ်းစားယူသည့် အရာရှိ/စစ်သည်များအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့် နေထိုင်နိုင်ရေးအတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိပြီး အမှန်တကယ် နစ်နာမှုများနှင့် ကြုံရပြီး အမှီအခို လိုအပ်လျက်ရှိနေသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၈

 

တပ်မတော်က အငြိမ်းစားယူသည့် အရာရှိ/စစ်သည်များအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့် နေထိုင်နိုင်ရေးအတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိပြီး အမှန်တကယ် နစ်နာမှုများနှင့် ကြုံရပြီး အမှီအခို လိုအပ်လျက်ရှိနေသည့် စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များကို  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၆) ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်ရေးရပြီးချိန်မှစ၍ စစ်ပြန်စစ်မှုထမ်းအချို့သည် မိမိတို့၏ မြို့ပြရပ်ရွာ ဒေသအသီးသီးမှာ စစ်မှုထမ်းဟောင်းအစုအဖွဲ့လေးများကို ကိုယ့်နည်း ကိုယ့်ဟန်နှင့် စုစည်းခဲ့ကြရာက ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ခေတ်ကာလအခြေအနေများနှင့် လိုက်လျောညီထွေရှိစေမည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် တာဝန်ဝတ္တရားများကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန် ရှိသင့်ရှိထိုက်သည့် ဖွဲ့စည်းပုံများကို ယနေ့ထက်တိုင် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ဥပဒေစည်းမျဉ်းများနှင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံနှင့် အထူးညီလာခံများကို ၁၀ ကြိမ်တိုင်တိုင် ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ညီလာခံကတစ်ဆင့် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူများသည် ယခုအခါ ၅ နှစ်သက်တမ်းကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီးဖြစ်၍ အသစ်ရွေးချယ် တင်မြှောက်ခြင်းခံထားကြရသည့် ဗဟိုကောင်စီ၊ ဗဟိုအမှုဆောင်အဖွဲ့များ၊ အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့နှင့်အတူ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားကြတော့မည်ဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရသူအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါကြောင်းကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယကတစ်ဦးအနေဖြင့် ပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုအခါ တပ်မတော်က အငြိမ်းစားယူသည့် အရာရှိ/စစ်သည်များအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့် နေထိုင်နိုင်ရေးအတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိကြောင်း၊ ထို့အပြင် အမှန်တကယ် နစ်နာမှုများနှင့်ကြုံရပြီး အမှီအခို လိုအပ်လျက်ရှိနေသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို တပ်မတော်အစီအစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်မှုများ ပေးအပ်ရာတွင်လည်း စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ သားသမီးများကိုပါ နှစ်စဉ်ဂုဏ်ပြုဆုများ ပေးအပ်လျက်ရှိကြောင်း၊ တပ်မတော်အကြီးအကဲ အစဉ်အဆက်အနေဖြင့် စစ်မှုထမ်းဟောင်း တပ်ဖွဲ့ဝင်များအပေါ်တွင် အစဉ်အသိအမှတ်ပြု လေးစားတန်ဖိုးထားလျက်ရှိပြီး အကြီးအကဲများကိုယ်တိုင် “တစ်ခါစစ်သား ထာဝရစစ်သား” ဆိုသည့် စကားတစ်ခွန်းကို နှလုံးသွင်းထားကြသည့်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားတစ်ဦး၏ သစ္စာကို ထာဝရ စောင့်သိလိုက်နာ ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောသည်။

 

တပ်မတော်သားဟောင်းများသည် တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြရန်၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရင်း ပြည်သူနှင့် တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးအဖြစ် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးစားသွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

အဆိုပါ ညီလာခံအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား) နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post