• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၇

 

ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၃၄၅/၆-၇ အကြားတွင် ယနေ့ နံနက်စောပိုင်း အချိန်က အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

ယာဉ်တိုက်ခံရ၍ ပက်လက်အနေအထားဖြင့် သေဆုံး‌နေသဖြင့် အလောင်းကိုတံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့‌ကြောင်းနှင့် လူတိုက်မိကာ ထွက်ပြေးသွားသော ယာဉ်အမျိုးအစား၊ ယာဉ်မောင်း၊ ယာဉ်အမှတ်အား အမှုဖွင့်၍ စုံစမ်းလျက်ရှိ‌ကြောင်း သိရသည်။

 

အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ “တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ။”ဟုဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ်စဥ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန် လိုအပ်‌ကြောင်း သိရသည်။

 

လူ/ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီးများဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန် နှင့် ယာဥ်မောင်းသည် ဥပဒေနှင့်အညီ ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post