• Follow Us on
Latest News

Home ဆႏၵျပမႈမ်ား အရွိန္ျမႇင့္လာလ်င္ ႏွိမ္နင္းရန္ အေမရိကန္တပ္ဖြဲ႕မ်ား အဆင္သင့္ရွိဟု သမၼတ ေဒၚနယ္ထရမ့္ ေျပာ

ဆႏၵျပမႈမ်ား အရွိန္ျမႇင့္လာလ်င္ ႏွိမ္နင္းရန္ အေမရိကန္တပ္ဖြဲ႕မ်ား အဆင္သင့္ရွိဟု သမၼတ ေဒၚနယ္ထရမ့္ ေျပာ

Share this post

နိုင္ငံတကာ၊ ေမ ၃၁

မင္နီဆိုးတားျပည္နယ္၊ မင္နီပူးလစ္ၿမိဳ႕တြင္ လူမည္းအမ်ိဳးသားတစ္ဦး ထိန္းသိမ္းခံေနရစဥ္ ေသဆုံးမႈႏွင့္ ပတ္သက္၍ တိုင္းျပည္တစ္ဝန္း ျပင္းထန္ေသာ ဆႏၵျပမႈမ်ား ပ်ံ့ႏွံ႕လာစဥ္ တပ္မေတာ္ကို အဆင္သင့္ျပင္ဆင္ထား ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္သည္။

ဗြီဒီယိုဖိုင္တစ္ခုအတြင္း လူျဖဴရဲအရာရွိတစ္ဉီးက အသက္ျပင္းျပင္းရႉေနရသည့္ လူမည္းအမ်ိဳးသား ေဂ်ာ့ ဖလြိုက္၏လည္ပင္းကို နင္းထားပုံကို ျမင္ေတြ႕ခဲ့ရသည္။ ေဂ်ာ့ဖလြိုက္မွာ ေနာက္ပိုင္းတြင္ ေသဆုံးသြားခဲ့သည္။ အဆိုပါျဖစ္ရပ္ေၾကာင့္ မင္နီပူးလစ္ရဲတပ္ဖြဲ႕မွာ ျပင္းထန္ေသာ ဆႏၵျပမႈမ်ား ႀကဳံေတြ႕ခဲ့ရသည္။

ကုန္စံဆိုင္မ်ား လုယက္ခံရကာ ရဲတပ္ဖြဲ႕ပိုင္ အေဆာက္အအုံတစ္လုံး မီးရွို႔ခံရၿပီးေနာက္ မင္နီဆိုးတား ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ည ၈ နာရီမွ နံနက္ ၆ နာရီအထိ ညမထြက္ရအမိန့္ ေၾကညာခဲ့သည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ ဆႏၵျပမႈမ်ားက အၾကမ္းဖက္မႈအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ၿပီးခဲ့သည့္ ေမ လ ၂၉ ရက္က ေလာ့အိန္ဂ်လိစ္ၿမိဳ႕တြင္ ေစ်းဆိုင္အခ်ိဳ႕ လုယက္ခံရၿပီးေနာက္ လူ ၅၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရသည္ ဟု ရဲတပ္ဖြဲ႕က ေျပာသည္။

ေအာ့ကလန္ၿမိဳ႕တြင္ ဆႏၵျပရာေနရာတစ္ခုအနီးရွိ ဖက္ဒရယ္အေဆာက္အအုံတြင္ လုံၿခဳံေရးအေစာင့္တစ္ ဉီး ပစ္သတ္ခံရမႈကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးလ်က္ရွိသည္။
ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္တြင္လည္း ဆႏၵျပသူ ၅၀၀ ခန့္က လႊတ္ေတာ္အေဆာက္အအုံသို႔ ခ်ီတက္ခဲ့ၾကၿပီး ရဲ တပ္ဖြဲ႕၏ လူမ်ိဳးေရးခြဲျခားမႈကို ဆန့္က်င္ေၾကာင္း သံၿပိဳင္ဟစ္ခဲ့ၾကသည္။

အၾကမ္းဖက္ဆႏၵျပသူမ်ားကို ႏွိမ္နင္းရန္ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕အျပင္ အေမရိကန္တပ္ဖြဲ႕မ်ားကိုပါ ျဖန့္ၾကက္နိုင္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က အရိပ္အႁမြက္ေျပာၾကားခဲ့သည္။

ေဒသႏၲရအစိုးရမ်ားက နိုင္နိုင္နင္းနင္း ကိုင္တြယ္သင့္ေၾကာင္း၊ လိုအပ္ပါက အေမရိကန္တပ္ဖြဲ႕မ်ား အ ဆင္သင့္ရွိေၾကာင္း ၄င္းက ေမလ ၃၀ ရက္တြင္ သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ကိုးကား – အင္န္ အိတ္ခ်္ေက

Ref; Trump: Military ready as protests intensify

[Unicode]
ဆန္ဒပြမှုများ အရှိန်မြှင့်လာလျင် နှိမ်နင်းရန် အမေရိကန်တပ်ဖွဲ့များ အဆင်သင့်ရှိဟု သမ္မတ ဒေါ်နယ်ထရမ့် ပြော
…………………………………………………………………………………

နိုင်ငံတကာ၊ မေ ၃၁

မင်နီဆိုးတားပြည်နယ်၊ မင်နီပူးလစ်မြို့တွင် လူမည်းအမျိုးသားတစ်ဦး ထိန်းသိမ်းခံနေရစဉ် သေဆုံးမှုနှင့် ပတ်သက်၍ တိုင်းပြည်တစ်ဝန်း ပြင်းထန်သော ဆန္ဒပြမှုများ ပျံ့နှံ့လာစဉ် တပ်မတော်ကို အဆင်သင့်ပြင်ဆင်ထား ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ဗွီဒီယိုဖိုင်တစ်ခုအတွင်း လူဖြူရဲအရာရှိတစ်ဉီးက အသက်ပြင်းပြင်းရှူနေရသည့် လူမည်းအမျိုးသား ဂျော့ ဖလွိုက်၏လည်ပင်းကို နင်းထားပုံကို မြင်တွေ့ခဲ့ရသည်။ ဂျော့ဖလွိုက်မှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် မင်နီပူးလစ်ရဲတပ်ဖွဲ့မှာ ပြင်းထန်သော ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည်။

ကုန်စံဆိုင်များ လုယက်ခံရကာ ရဲတပ်ဖွဲ့ပိုင် အဆောက်အအုံတစ်လုံး မီးရှို့ခံရပြီးနောက် မင်နီဆိုးတား ပြည်နယ် အုပ်ချုပ်ရေးမှူးက ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကြေညာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန္ဒပြမှုများက အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြီးခဲ့သည့် မေ လ ၂၉ ရက်က လော့အိန်ဂျလိစ်မြို့တွင် ဈေးဆိုင်အချို့ လုယက်ခံရပြီးနောက် လူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

အော့ကလန်မြို့တွင် ဆန္ဒပြရာနေရာတစ်ခုအနီးရှိ ဖက်ဒရယ်အဆောက်အအုံတွင် လုံခြုံရေးအစောင့်တစ် ဉီး ပစ်သတ်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဝါရှင်တန်ဒီစီမြို့တော်တွင်လည်း ဆန္ဒပြသူ ၅၀၀ ခန့်က လွှတ်တော်အဆောက်အအုံသို့ ချီတက်ခဲ့ကြပြီး ရဲ တပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း သံပြိုင်ဟစ်ခဲ့ကြသည်။

အကြမ်းဖက်ဆန္ဒပြသူများကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်ဖွဲ့အပြင် အမေရိကန်တပ်ဖွဲ့များကိုပါ ဖြန့်ကြက်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြောကြားခဲ့သည်။

ဒေသန္တရအစိုးရများက နိုင်နိုင်နင်းနင်း ကိုင်တွယ်သင့်ကြောင်း၊ လိုအပ်ပါက အမေရိကန်တပ်ဖွဲ့များ အ ဆင်သင့်ရှိကြောင်း ၄င်းက မေလ ၃၀ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ကိုးကား – အင်န် အိတ်ခ်ျကေ

Ref; Trump: Military ready as protests intensify


Share this post