• Follow Us on
Latest News

Home A330 ဝေဟင်ဆီဖြည့်လေယာဉ်ကို အဲလ်ဘစ်တ်ကုမ္ပဏီက အဆင့်မြင့်ကာကွယ်ရေးစနစ်တွေတပ်ဆင်ပေးမည်

A330 ဝေဟင်ဆီဖြည့်လေယာဉ်ကို အဲလ်ဘစ်တ်ကုမ္ပဏီက အဆင့်မြင့်ကာကွယ်ရေးစနစ်တွေတပ်ဆင်ပေးမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

 

ကနေဒါလေတပ်ရဲ့ A330 ဝေဟင်ဆီဖြည့်လေယာဉ်ကို နောက်ဆုံးပေါ် ခေတ်မီကာကွယ်ရေးစနစ်တွေတပ် ဆင်ဖို့အတွက် Elbit Systems (အဲလ်ဘစ်တ်ကုမ္ပဏီ) ကို ကန်ထရိုက်လုပ်ငန်းတစ်ခုအပ်နှံလိုက်ပါတယ်။

 

စာချုပ်ပါသဘောတူညီချက်အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဲလ်ဘစ်တ်ကုမ္ပဏီဟာ A330 ဝေဟင်ဆီဖြည့်လေ ယာဉ်ကို DIRCM လေဆာကာကွယ်ရေးစနစ် (Direct Infrared Counter Measures – DIRCM ) နဲ့ အနီ အောက်ရောင် ခြည်ဒုံးကျည်အချက်ပေးစနစ် (Infrared Missile Warning System) တွေကို တပ်ဆင်ပေးသွား မှာဖြစ်ပါတယ်။

 

အလျင်အမြန်မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် အခုလို ခေတ်မီကာကွယ်ရေးစနစ်တွေ ကို တပ်ဆင်သွားမှာဖြစ်ပါတယ်။

 

“ဆီဖြည့်လေယာဉ်နဲ့ လေကြောင်းတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာအားသာချက်တွေကို မြှင့်တင် ဖို့အတွက် ကျွန်တော်တို့ကုမ္ပဏီရဲ့ DIRCM လေဆာကာကွယ်ရေးစနစ်က ခေတ်မီကာကွယ်ရေးစနစ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။” လို့ အဲလ်ဘစ်တ်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ အိုရန်ဆာဘက်ဂျ်က ပြော ပါတယ်။

 

ကန်ထရိုက်လုပ်ငန်းအတွက် ဘယ်လောက်ပေးချေရမယ်ဆိုတာကို အဲလ်ဘစ်တ်ကုမ္ပဏီက အသေးစိတ်ထုတ် ဖော်ပြောကြားခြင်းမရှိပေမဲ့ လုပ်ငန်းကို ငါးနှစ်ကျော်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောပါတယ်။

 

MRTT A330 ခေါ် ဘက်စုံသုံးဆီသယ်လေယာဉ်/သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ဝေဟင်ဆီဖြည့်လုပ်ငန်း လိုအပ်ချက်တွေကြီးမားလာမှုကို ဖြည့်ဆည်းပေးဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ မျိုးဆက်သစ် ဆီဖြည့်လေ ယာဉ်ဖြစ်ပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်၊ F-35 ဂျက်တိုက်လေယာဉ်တွေလို တိုက်လေယာဉ်တွေရဲ့ ပျံသန်းနိုင်မှုအကွာအ ဝေးကို ပိုမိုတိုးမြှင့်ပေးနိုင်တဲ့ အဲဒီဝေဟင်ဆီဖြည့်လေယာဉ်ဟာ လောင်စာဆီအလေးချိန် ၁၁၁ တန် သယ်ယူနိုင် ပါတယ်။

 

A330 လေယာဉ်ဟာ ပြင်ပကုန်စည်အလေးချိန် ၄၅ တန်ဖြစ်စေ ခရီးသည် ၃၀၀ ဖြစ်စေ တင်ဆောင်ပြီး သယ်ယူ ပို့ဆောင်ရေးလေယာဉ်တာဝန်ကိုလည်း ထမ်းဆောင်နိုင်ပါတယ်။

 

ဒါ့အပြင် A330 လေယာဉ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လူနာတင်ထမ်းစင် ၄၀၊ ဆေးဝန်ထမ်း ၂၀ နဲ့ လူနာ ၁၀၀ ကိုလည်း သယ်ဆောင်သွားနိုင်ပါတယ်။

 

A330 လေယာဉ်ဟာ ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ တပ်ဖွဲ့ဝင်အင်အား ၅၀ ကို တင်ဆောင်ပြီး ကီလိုမီတာ ၅၂၀၀ (၃၂၃၁ မိုင်) ကျော်အကွအဝေးအထိ ပျံသန်းနိုင်ပါတယ်။

 

ကနေဒါနိုင်ငံဟာ ဒေါ်လာ ၂.၇ ဘီလျံ တန်ကြေးရှိ A330 လေယာဉ် ၉ စင်းကိုမှာယူထားပြီး ပထမဦးဆုံး DIRCM လေဆာကာကွယ်ရေးစနစ်တပ်ဆင်ထားတဲ့ A330 လေယာဉ်ဟာ မကြာခင် လပိုင်းအတွင်း ရောက်ရှိ လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

 

Ref: Elbit to Equip Canadian A330 Refueling Aircraft with Self-Protection Suites

 

#PeopleMedia


Share this post