• Follow Us on
Latest News

Home AA ႏွင့္ပတ္သက္ ဆက္ႏႊယ္သူတစ္ဦး ဖမ္းဆီးရမိ

AA ႏွင့္ပတ္သက္ ဆက္ႏႊယ္သူတစ္ဦး ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ -၁၃

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ အတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက လုံၿခဳံေရး ေဆာင္ရြက္လ်က္ရွိစဉ္ ဒီဇင္ဘာ ၁၁ ရက္နံနက္ပိုင္းတြင္ နန္းက်ေက်းရြာ ဘုန္းႀကီးေက်ာင္းအနီး၌ AA ႏွင့္ ပတ္သက္ဆက္ႏႊယ္သူ တစ္ဦးအား ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဉ္မွာ ေျမာက္ဦးၿမိဳ႕နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားက လုံၿခဳံေရး ေဆာင္ရြက္လ်က္ရွိစဉ္ နန္းက်ေက်းရြာ ဘုန္းႀကီးေက်ာင္းအနီး၌ မသကၤာဖြယ္ရာ အမ်ိဳးသားတစ္ဦး ေတြ႕ရွိရသျဖင့္ ေခၚယူစစ္ေဆးခဲ့ရာ နန္းက်ေက်းရြာ ေနထိုင္သူ သိန္းေဇာ္ဦး(ဘ) ဦးေမာင္စံလွ ျဖစ္ေၾကာင္းသိရွိရၿပီး ၎ကိုင္ေဆာင္ေသာ လက္ကိုင္ဖုန္း အတြင္းတြင္ ေျပာက္က်ား ယူနီေဖာင္းဝတ္ျဖင့္ ႐ိုက္ကူးထားသည့္ ဓာတ္ပုံမ်ားႏွင့္ ဒဏ္ရာရလူနာမ်ားအား ေဆးကုသေနသည့္ မွတ္တမ္းဓာတ္ပုံမ်ား ေတြ႕ရွိရေၾကာင္း၊ ထိုသို႔စစ္ေဆးေနစဉ္ သိန္းေဇာ္ဦးမွာ ႐ုတ္တရက္ ထြက္ေျပးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ တစ္ဦးက လက္နက္ငယ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ ဖမ္းဆီးခဲ့ရာ ၎ကို ဝဲဘက္လက္ေမာင္း လက္နက္ငယ္ က်ည္ ရွပ္မွန္ဒဏ္ရာ အနည္းငယ္ျဖင့္ ျပန္လည္ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရွိရသည္။

ဖမ္းဆီးရမိသူအား လိုအပ္သည့္ ေဆးကုသမႈမ်ား ေဆာင္ရြက္ေပးခဲ့ၿပီး လုပ္ထုံးလုပ္နည္းႏွင့္ အညီ စစ္ေဆးႏိုင္ရန္ သက္ဆိုင္ရာသို႔ လႊဲေျပာင္းအပ္ႏွံ သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
AA နှင့်ပတ်သက် ဆက်နွှယ်သူတစ်ဦး ဖမ်းဆီးရမိ
……………………………………………………

နေပြည်တော် ဒီဇင်ဘာ -၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် နန်းကျကျေးရွာ ဘုန်းကြီးကျောင်းအနီး၌ AA နှင့် ပတ်သက်ဆက်နွှယ်သူ တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် နန်းကျကျေးရွာ ဘုန်းကြီးကျောင်းအနီး၌ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦး တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ နန်းကျကျေးရွာ နေထိုင်သူ သိန်းဇော်ဦး(ဘ) ဦးမောင်စံလှ ဖြစ်ကြောင်းသိရှိရပြီး ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်း အတွင်းတွင် ပြောက်ကျား ယူနီဖောင်းဝတ်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဒဏ်ရာရလူနာများအား ဆေးကုသနေသည့် မှတ်တမ်းဓာတ်ပုံများ တွေ့ရှိရကြောင်း၊ ထိုသို့စစ်ဆေးနေစဉ် သိန်းဇော်ဦးမှာ ရုတ်တရက် ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၎င်းကို ဝဲဘက်လက်မောင်း လက်နက်ငယ် ကျည် ရှပ်မှန်ဒဏ်ရာ အနည်းငယ်ဖြင့် ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးနိုင်ရန် သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post