• Follow Us on

Home ATACMS ဒုံးကျည်တွေ ပို့ဆောင်ပြီးနောက် ယူကရိန်းနိုင်ငံက အမေရိကန်ထံ MQ-9 Reaper ဒရုန်းထောက်ပံ့ ပေးဖို့ တောင်းဆို

ATACMS ဒုံးကျည်တွေ ပို့ဆောင်ပြီးနောက် ယူကရိန်းနိုင်ငံက အမေရိကန်ထံ MQ-9 Reaper ဒရုန်းထောက်ပံ့ ပေးဖို့ တောင်းဆို

Share this post

နိုင်ငံတကာ၊ မေ ၇

 

ယူကရိန်းနိုင်ငံဟာ အခုနှစ်အတွင်း နောက်ထပ်အဓိကထိုးစစ်တစ်ခုအတွက် ပြင်ဆင်ရင်း ၎င်းတို့လိုချင်တဲ့လက် နက်စာရင်းထဲမှာ အမေရိကန်ထုတ် MQ-9 Reaper ဒရုန်းကို ထိပ်ဆုံးက ဖော်ပြထားပါတယ်။

 

တိုက်ခိုက်ရေးနဲ့ ကင်းထောက်တာဝန်တွေမှာ အသုံးပြုဖို့ General Atomics ကုမ္ပဏီထုတ်ဒရုန်း ရရှိရေးအတွက် ယူကရိန်းအစိုးရက နဂိုကတည်းက ကြိုးပမ်းခဲ့ပေမဲ့ အဲဒီဒရုန်းကို ရုရှားတွေပစ်ချမှာ စိုးရိမ်ပြီး အမေရိကန်အစိုးရ က ယူကရိန်းကိုထောက်ပံ့ဖို့ ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။

 

ဒါပေမဲ့ MQ-9 Reaper ဒရုန်းကို စောင့်ကြည့်ထောက်လှမ်းရေးတာဝန်အတွက်သာ အသုံးပြုသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရကို အာမခံခဲ့ပြီး ယူကရိန်းနိုင်ငံက ၎င်းတို့ရဲ့တောင်းဆိုချက်ကို ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ဒီ ကိစ္စနဲ့ ရင်းနှီးကျွမ်းဝင်သူတွေက POLITICO ကို ပြောပါတယ်။

 

MQ-9 ဒရုန်းကို ရုရှားတပ်တွေ ပစ်ချပြီး သိမ်းပိုက်သွားမယ့် အန္တရာယ်က လျှော့ချနိုင်ဖို့အတွက် ရှေ့တန်းရဲ့ အတွင်းဘက်ပိုင်းက ရုရှားတပ်တွေကို ပစ်မှတ်ရှာဖွေဖော်ထုတ်ရာမှာသာအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။

 

အမေရိကန်အစိုးရက ယူကရိန်းရဲ့တောင်းဆိုမှုကို ဂရုစိုက်လာခဲ့ရင် ဝေဟင်-မြေပြင်ပစ် Hellfire ဒုံးကျည်တွေ လို ဒုံးကျည်တပ်ဆင်တဲ့ လက်နက်ခုံနေရာတွေကို ဖြုတ်ထားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

MQ-9 Reaper ဒရုန်းဟာ အမေရိကန်လက်နက်တိုက်ထဲက ခေတ်အမီဆုံးဒရုန်းတွေထဲက အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

 

MQ-9 Reaper ဒရုန်းဟာ တစ်ဆက်တည်း ၂၅ ဝန်းကျင်ပျံသန်းနိုင်ပြီး အချိန်နဲ့တပြေးညီ ထောက်လှမ်းခြင်း၊ ပစ် မှတ်ရှာဖွေခြင်းနဲ့ ခြေရာခံခြင်းတို့ ဆောင်ရွက်နိုင်တဲ့ ရေသီယွန်ကုမ္ပဏီထုတ် electro-optical multispectral targeting system တပ်ဆင်ထားတဲ့ ဒရုန်းဖြစ်ပါတယ်။

 

အလွန်ခေတ်မီတဲ့ ဒရုန်းဖြစ်ပေမဲ့လည်း အခုနှစ်အစောပိုင်းက ပင်လယ်နက်ကောင်းကင်ယံမှာ လေကြောင်းထိပ် တိုက်တွေ့ဆုံမှုဖြစ်ပွားစဉ် ရုရှား Su-27 ဂျက်တိုက်လေယာဉ်တစ်စင်းက MQ-9 ဒရုန်းကို ပျက်ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

 

“လေယာဉ်ချင်းမတိုက်မိခင် လေးငါးကြိမ်လောက် Su-27 ဂျက်တိုက်လေယာဉ်ဟာ MQ-9 ဒရုန်းပေါ်ကို လေ ယာဉ်ဆီတွေ သွန်ချခဲ့သလို ဒရုန်းရှေ့ကလည်း အဆင်အခြင်မဲ့ ဖြတ်ပျံခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဘေးကင်းလုံခြုံ မှုမရှိဘဲ ပညာရပ်ဆိုင်ရာလိုက်နာစောင့်ထိန်းမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။” လို့ အမေရိကန် ဥရောပ စစ်ဌာန ချုပ်က ပြောပါတယ်။

 

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် MQ-9 ဒရုန်းကို နမူနာယူပြန်လည်ထုတ်လုပ်ဖို့ reverse engineer ပညာရပ်ကို အသုံးပြုသွားဖို့ စီစဉ်နေကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ရုရှားနိုင်ငံဟာ အမေရိကန် ဒရုန်းကို ပုံစံတူထုတ်လုပ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ATACMS ဒုံးကျည်တွေ လျှို့ဝှက်စွာတင်ပို့လိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရက ကြေညာပြီး ရက်သတ္တပတ်အတွင်းမှာ ယူကရိန်းနိုင်ငံရဲ့ MQ-9 ဒရုန်းတောင်းဆိုမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

 

Ref: After ATACMS Delivery, Ukraine Pleads for MQ-9 Reaper Drones from US

 

#PeopleMedia


Share this post