Latest Myanmar Politics News
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ တပ်မတော် နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေ ကြား တိုက်ပွဲများဖြစ်ပွားနေမှုရှိနေပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည် နယ်အတွင်းမှာ ကျင်းပဖို့ ယာယီသတ်မှတ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းတဲ့နေရာတွေမှာ ရွေူးကောက်ပွဲကျင်းပမှုကို နယ်မြေအရ ပိတ်သိမ်းမှုရှိခဲ့ပေမယ့်လည်း ၂၀၂၀ ရွေးကောက်ပွဲအခြေအနေ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေ နဲ့ ပတ်သက်လို့ ယခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
Read Moreဘုန်းကြီးအတု အလှူခံပုဂ္ဂိုလ်များပပျောက်ရေး ရဲတပ်ဖွဲ့အပေါ် အဓိကမူတည်
“သာသနာရေးဦးစီးဌာနဆိုတာကလည်း အဲဒီလောက်ထိအင်အားများတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလေ။ အမှန်က အဓိက ကတော့ ရဲတွေ အပေါ်မူတည်တာပေါ့။” ဆရာတော် ဦးက၀ိန္ဒ(မန္တလေးချမ်းအေး သာစံမြို့နယ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်)
Read More“နိုင်ငံရေးလောကမှာမွတ်ဆလင်နဲ့တွဲမလုပ်ချင်ဘူး၊ဗုဒ္ဓဘာသာနဲ့တွဲမလုပ်ချင်ဘူး၊ခရစ်ယန်နဲ့တွဲမလုပ်ချင်ဘူး၊ လူမှုရေးလောကမှာလည်း မွတ်ဆလင်အိမ်တွေကို ဗုဒ္ဓဘာ သာတွေကမငှားဘူး၊ ဗုဒ္ဓဘာသာအိမ်တွေကိုမွတ်ဆင်လင်တွေကမငှားဘူး၊ သူ့လူမှုရေး ကိစ္စကိုယ်မသွားဘူး၊ ကိုယ်လူမှုရေးကိစ္စသူမလာဘူး ဒီလိုမျိုးကိစ္စတွေမျာလျော့နည်း လာတာနဲ့အမျှ၊ပြဿနာဖြစ်နိုင်ခြေကပိုများပါတယ်။” ဦးအောင်ကိုကို (အမှုဆောင်ဒါရိုက် တာ-Mosaic Myanmar)
“လူများစုနဲ့လူနည်းစုများကြားဆက်ဆံရေးပြန်လည်သုံးသပ်ခြင်း”ဆွေးနွေးပွဲစကားဝိုင်းများ စီစဉ်ပြုလုပ်တဲ့ Mosaic Myanmar(တွဲလက်မြန်မာ) အမှုဆောင်ဒါရိုက်တာ ဦးအောင်ကိုကိုနဲ့တွေ့ဆုံမေးမြန်းခြင်း Mosaic Myanmar(တွဲလက်မြန်မာ)အဖွဲ့အစည်းဟာ လူမှုသဟာဇာတဖြစ်ရေး၊ငြိမ်း ချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စများကို ပညာပေးခြင်းလုပ်ငန်းများ၊သုတေသနလုပ်ခြင်းများ၊ လူများစုနဲ့လူနည်းစုများကြားကောင်းမွန်တဲ့ ဆက်ဆံရေးပြန်လည်ရရှိရေးတို့ အတွက်ဆွေးနွေးပွဲစကားဝိုင်းများကိုလုပ်ဆောင်တဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းရာမှာလူမျိုးဘာသာမတူကွဲပြားခြင်းကြောင့်ယုံကြည်မှု သဟဇာ တဖြစ်မှုအခြေအနေများ၊အခြားဘာသာများရှိသော်လည်း […]
Read More




