• Follow Us on
Latest News

Home Cope Tiger စစ်ရေးလေ့ကျင့်မှုကနေ နည်းပညာတွေသင်ယူလေ့လာခွင့်ရဖို့ ထိုင်းလေတပ် ပြင်ဆင်

Cope Tiger စစ်ရေးလေ့ကျင့်မှုကနေ နည်းပညာတွေသင်ယူလေ့လာခွင့်ရဖို့ ထိုင်းလေတပ် ပြင်ဆင်

Share this post

နိုင်ငံတကာ၊ မတ် ၂၀

 

မကြာခင်ကျင်းပမယ့် Cope Tiger 2024 စစ်ရေးလေ့ကျင့်မှုကနေ နည်း့ပညာလေ့လာသင်ယူခွင့်တွေရရှိဖို့အ တွက် တော်ဝင်ထိုင်းလေတပ်က ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

 

ထိုင်းနိုင်ငံ ခိုရတ်တော်ဝင်ထိုင်းလေတပ်အခြေစိုက်စခန်းမှာ အခုနှစ်အတွင်းကျင်းပမယ့် သုံးနိုင်ငံလေတပ်စစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ Cope Tiger 2024 စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့အတွက် အမေရိကန်လေတပ်က F-35 ဂျက် တိုက်လေယာဉ် ၈ စင်း စေလွှတ်လိုက်ပါတယ်။

 

နခုန်ရတ်ချာဆီမာရှိ အမှတ် ၁ လေယာဉ်အုပ်စခန်းမှာကျင်းပမယ့် ထိုင်း၊ အမေရိကန်၊ စင်္ကာပူ သုံးနိုင်ငံပူးတွဲစစ် ရေးလေ့ကျင့်မှုမှာ အမေရိကန်က အခုလို ခေတ်မီ F-35 ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ပေးတာ ပထမဦး ဆုံးအကြိမ်ဖြစ်ပါတယ်။

 

Cope Tiger 2024 စစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါ တယ်။

 

Cope Tiger စစ်ရေးလေ့ကျင့်မှုကို ၁၉၉၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကနဦးကတော့ ထိုင်း-စင်္ကာပူ ပူးတွဲလေ့ကျင့်မှု/ အမေရိကန်-ထိုင်း ပူးတွဲလေ့ကျင့်မှု စတဲ့နှစ်နိုင်ငံပူးတွဲလေ့ကျင့်မှုတွေက စတင်ခဲ့တာဖြစ်ပါ တယ်။

 

စစ်ရေးလေ့ကျင့်ရတဲ့ရည်ရွယ်ချက်ကတော့ တိုက်ခိုက်ရေးစွမ်းရည်တွေ မြှင့်တင်ဖို့နဲ့ ပါဝင်တဲ့နိုင်ငံတွေကြားမှာ စစ်ရေးပုူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ ဖြစ်ပါတယ်။

 

ဒီစစ်ရေးလေ့ကျင့်မှုမှာ သဏ္ဍန်တူ ဝေဟင်-ဝေဟင် တိုက်ခိုက်မှု၊ သဏ္ဍန်တူ ဝေဟင်-မြေပြင် တိုက်ခိုက်မှုတွေအ ပါအဝင် လေကြောင်းစစ်ဆင်ရေးကိစ္စရပ်တွေ အများအပြားပါဝင်ပြီး တစ်ခါတရံ လူသားချင်းစာနာထောက်ထား မှု ဆောင်ရွက်ချက်တွေလည်း ပါဝင်လေ့ရှိပါတယ်။

 

F-35 ဂျက်တိုက်လေယာဉ် ၈ စင်းအပြင် ထိုင်းလေတပ်က F-16 ဂျက်တိုက်လေယာဉ်တွေ၊ F-5 ဂျက်တိုက်လေ ယာဉ်တွေ၊ စင်္ကာပူလေတပ်က F-15 ဂျက်တိုက်လေယာဉ်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် တောင်ကိုရီး ယားနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်လေတပ်က F-16 ဂျက်တိုက်လေယာဉ် ၁၀ စင်းကိုပါ စေလွှတ် လိုက်တာဖြစ်ပါတယ်။

 

အင်္ဂါနေ့ (မတ်လ ၁၉ ရက်နေ့) က ထိုင်းတပ်မတော်အကယ်ဒမီကြိုတင်ပြင်ဆင်မှုကျောင်းက ကျောင်းသားတွေ ကို ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆောင်းဝတ်နန်းပတ်ဒီးဦးဆောင်ပြီး လေ့ကျင့်ရေးကွင်း ထဲမှာ F-35 ဂျက်တိုက်လေယာဉ်တွေကို လာရောက်လေ့လာခဲ့ပါတယ်။

 

အဲဒီကျောင်းသားတွေဟာ တော်ဝင်ထိုင်းလေတပ်အကယ်ဒမီကို တက်ရောက်ခွင့်ရဖို့ ကြိုတင်ပြင်ဆင်နေတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။

 

Cope Tiger 2024 မှ စစ်ရေးလေ့ကျင့်မှုအမျိုးမျိုးဆောင်ရွက်သွားမှာဖြစ်သလို ကောင်းကင်ဓာတ်ပုံဆန်းစစ်လေ့ လာမှုတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အခုလို F-35 ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ပေးလိုက် တာဟာ အမေရိကန်-ထိုင်း ဆက်ဆံရေး ရင်းနှီးမှုနဲ့ ခိုင်မာမှုကို သက်သေပြလိုက်တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆောင်းဝတ်က ပြောပါတယ်။

 

Ref: RTAF plans to use knowledge learned from Cope Tiger to become an ‘unbeatable’ force

 

#PeopleMedia


Share this post