• Follow Us on
Latest News

Home တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တွင် ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်း သည့် လူမျိုးရေးမုန်းတီးမူဝါဒကိုရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တွင် ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်း သည့် လူမျိုးရေးမုန်းတီးမူဝါဒကိုရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ မတ် ၂၀

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်း မြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စု ကြီးပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန် လို အပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ်လိုအပ် ကြောင်း၊ သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူ ထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှုလျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့်ပြည်သူများသည် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံ တွေ့နေကြရသည်ကို သတိထားရှုမြင်သုံးသပ်ဆင်ခြင်ကြရမည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြောဆို သည်။

 

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားစုများအကြား စည်းလုံး ညီညွတ်စွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသောနိုင်ငံရေးအင်အားစုတို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံအကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာ ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြရန် မဖြစ်မနေလိုအပ်သည့်အချိန် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးမပြေလည်မှုများကြောင့် လက် နက်ကိုင်လမ်းကြောင်းသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့် ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့် (NCA) လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတော်ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် အဖြေရှာကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။

 

ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေး အခြေခံကျ သည့်အုတ်မြစ်မှာ တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကလိုအပ် ချက်မှာ တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန် းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူလူထုအသိမှား၊ အမြင်မှား၊ အလုပ်အကိုင်မှားအောင် ကောလာဟလများကိုဖြန့်ချိ၍ အဆိုးမြင်စိတ်ခံစားမှုကို အဆုံးထိ မြှင့်တင်ပေးပြီး ပြည်သူကိုစတေးကာ နိုင်ငံ ရေးအမြတ်ထုတ်မှုများကိုလည်း အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်ကြောင်း၊ တော်လှန် ရေးဟူ၍ အမည်တပ်ကာ မိမိတို့အား ထောက်ခံသူများနှင့် မသိနားမလည်သူများ၏ဘဝများကို ရင်းနှီးစတေး၍ အာဏာကို အချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့် ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောဆိုသည်။

 

#PeopleMedia


Share this post