• Follow Us on
Latest News

Home COVID-19 ကာကြယ္ရန္ နယူးဇီလန္နယ္စပ္တြင္ တပ္မေတာ္သားမ်ားတပ္စြဲ

COVID-19 ကာကြယ္ရန္ နယူးဇီလန္နယ္စပ္တြင္ တပ္မေတာ္သားမ်ားတပ္စြဲ

Share this post

၀ယ္လင္တန္၊ ၾသဂုတ္ ၁၉

အသြားအလာကန္႔သတ္ေစာင့္ၾကည့္စခန္းမ်ားႏွင့္နယ္စပ္တြင္ COVID-19 ထပ္မံပ်ံ႕ႏွံ႔မႈကိုဖိႏွိပ္ႏိုင္ရန္ ကာကြယ္ ေရးတပ္ဖြဲ႔၀င္မ်ားအေရအတြက္တိုးႁမွင့္ခ်ထားမည္ဟု နယူးဇီလန္ႏိုင္ငံကေျပာသည္။

ဗုဒၶဟူးေန႔တြင္ လူမႈအသိုက္အ၀န္းအတြင္းကူးစက္သူ ၅ ေယာက္ေတြ႕ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။

ေနာက္ထပ္ကာကြယ္ေရးအမႈထမ္း ၅၀၀ ျဖန္႔က်က္ေနရာခ်ထားမည္ျဖစ္သျဖင့္ COVID-19 တံု႔ျပန္ေရးတြင္ ေထာက္ပ့ံကူညီရန္ တပ္ဖြဲ႔၀င္ ၁၂၀၀ ေနရာယူထားၿပီး ၂၀၀၀ ျပည့္ႏွစ္မ်ားအေစာပိုင္းက တီေမာလက္စေ တႏိုင္ငံတြင္ အံုႂကြမႈမ်ားျဖစ္စဥ္ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးတပ္ဖြဲ႔မ်ား နယူးဇီလန္ကေစလႊတ္ၿပီးေနာက္ပိုင္း တပ္ဖြဲ႔၀င္အမ်ားဆံုးေနရာယူထားမႈျဖစ္သည္ဟု ထုတ္ျပန္ခ်က္တစ္ရပ္တြင္ပါ၀င္သည္။

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း နယူးဇီလန္တြင္ လူထုအသိုက္အ၀န္းအတြင္း COVID-19 ကူးစက္သူ ၅ ေယာ က္ထပ္တိုးလာၿပီး အဂၤါေန႔တြင္ ၁၃ ေယာက္႐ွိခဲ့သျဖင့္ ႏိုင္ငံတြင္း ကူးစက္မႈျမင့္တက္ေနျခင္းမ႐ွိဟု ၀န္ႀကီးခ်ဳပ္ဂ်ာဆင္ဒါ အာဒန္ကေျပာသည္။

ကမာၻ႔ကပ္ေရာဂါကာလတြင္ အျခားႏိုင္ငံမ်ားထက္ နယူးဇီလန္ႏိုင္ငံတြင္ ကူးစက္သူနည္းခဲ့ေသာ္လည္း ၿပီးခဲ့သည့္တစ္ပတ္က ေအာ့ကလန္ၿမိဳ႕တြင္ ကူးစက္ခံရသူမ်ားျမင့္တက္လာၿပီးေနာက္ လူ ၁.၇ သန္း ေနသည့္ေအာ့ကလန္ၿမိဳ႕ကို အဆင့္ ၄ အလံုပိတ္ကန္႔သတ္မႈျပဳလုပ္ခဲ့ၿပီး အျခားၿမိဳ႕မ်ားတြင္လည္း လူခ်င္းခပ္ခြာခြာေနရန္ စည္းကမ္းမ်ားသတ္မွတ္ခဲ့သည္။

နယူးဇီလန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၂၉၉ ေယာက္ႏွင့္ ေသဆံုးသူ ၂၂ ေယာက္႐ွိေနသည္။

Ref : New Zealand ramps up military at border to beat COVID-19 outbreak

#PeopleMedia

(unicode)
COVID-19 ကာကွယ်ရန် နယူးဇီလန်နယ်စပ်တွင် တပ်မတော်သားများတပ်စွဲ
……………………………………………………

ဝယ်လင်တန်၊ ဩဂုတ် ၁၉

အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများနှင့်နယ်စပ်တွင် COVID-19 ထပ်မံပျံ့နှံ့မှုကိုဖိနှိပ်နိုင်ရန် ကာကွယ် ရေးတပ်ဖွဲ့ဝင်များအရေအတွက်တိုးမြှင့်ချထားမည်ဟု နယူးဇီလန်နိုင်ငံကပြောသည်။

ဗုဒ္ဓဟူးနေ့တွင် လူမှုအသိုက်အဝန်းအတွင်းကူးစက်သူ ၅ ယောက်တွေ့ခဲ့ပြီးနောက် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

နောက်ထပ်ကာကွယ်ရေးအမှုထမ်း ၅၀၀ ဖြန့်ကျက်နေရာချထားမည်ဖြစ်သဖြင့် COVID-19 တုံ့ပြန်ရေးတွင် ထောက်ပံ့ကူညီရန် တပ်ဖွဲ့ဝင် ၁၂၀၀ နေရာယူထားပြီး ၂၀၀၀ ပြည့်နှစ်များအစောပိုင်းက တီမောလက်စ ေတနိုင်ငံတွင် အုံကြွမှုများဖြစ်စဉ် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ နယူးဇီလန်ကစေလွှတ်ပြီးနောက်ပိုင်း တပ်ဖွဲ့ဝင်အများဆုံးနေရာယူထားမှုဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ရပ်တွင်ပါဝင်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း နယူးဇီလန်တွင် လူထုအသိုက်အဝန်းအတွင်း COVID-19 ကူးစက်သူ ၅ ယော က်ထပ်တိုးလာပြီး အင်္ဂါနေ့တွင် ၁၃ ယောက်ရှိခဲ့သဖြင့် နိုင်ငံတွင်း ကူးစက်မှုမြင့်တက်နေခြင်းမရှိဟု ဝန်ကြီးချုပ်ဂျာဆင်ဒါ အာဒန်ကပြောသည်။

ကမ္ဘာ့ကပ်ရောဂါကာလတွင် အခြားနိုင်ငံများထက် နယူးဇီလန်နိုင်ငံတွင် ကူးစက်သူနည်းခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က အော့ကလန်မြို့တွင် ကူးစက်ခံရသူများမြင့်တက်လာပြီးနောက် လူ ၁.၇ သန်း နေသည့်အော့ကလန်မြို့ကို အဆင့် ၄ အလုံပိတ်ကန့်သတ်မှုပြုလုပ်ခဲ့ပြီး အခြားမြို့များတွင်လည်း လူချင်းခပ်ခွာခွာနေရန် စည်းကမ်းများသတ်မှတ်ခဲ့သည်။

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၉၉ ယောက်နှင့် သေဆုံးသူ ၂၂ ယောက်ရှိနေသည်။

Ref : New Zealand ramps up military at border to beat COVID-19 outbreak

#PeopleMedia


Share this post