• Follow Us on

Home ျမစ္ႀကီးနားတြင္ ခရီးသည္ အမ်ိဳးသမီးထံမွ ေငြက်ပ္သိန္း တစ္ေထာ င္ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ျမစ္ႀကီးနားတြင္ ခရီးသည္ အမ်ိဳးသမီးထံမွ ေငြက်ပ္သိန္း တစ္ေထာ င္ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၉

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္ ေရႊလမ္းမႀကီး ေပၚတြင္ ယမန္ေန႔ ညေနပိုင္းက ခရီးသည္ အမ်ိဳးသမီး တစ္ဦးထံမွ က်ပ္သိန္း တစ္ေထာင္ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ား ဖမ္းဆီးရမိခဲ့ ေၾကာင္း ျမစ္ႀကီးနားခ႐ိုင္ ရဲတပ္ဖြဲ႕ မွ သိရသည္။

ဗန္းေမာ္ၿမိဳ႕မွ ျမစ္ႀကီးနားဘက္သို႔ မူးယစ္ေဆးဝါး သယ္ေဆာင္ လာေၾကာင္း သတင္းအရ စီတာပူရဲကင္း စခန္းက ဒုရဲအုပ္ ေအာင္ဝင္းသန္း ႏွင့္ အဖြဲ႕က စုံစမ္းရွာေဖြ စစ္ေဆးေနရာ ျသဂုတ္လ ၁၈ ရက္ေန႔၊ ညေန (၄)နာရီခြဲ အခ်ိန္ခန္႔က တပ္ကုန္း ရပ္ကြက္၊ ေရႊလမ္းမႀကီးေပၚ ဟူးေကာင္းဟိုတယ္ ေရွ႕တြင္ အဆိုပါ ခရီးသည္ အမ်ိဳးသမီးကို ေတြ႕ရွိခဲ့ၿပီး ၎ကို ျမစ္ႀကီးနားခ႐ိုင္ ရဲတပ္ဖြဲ႕႐ုံးသို႔ ေခၚယူစစ္ေဆးခဲ့ရာ ၎၏ ခရီးေဆာင္ အိတ္အတြင္း အဝါေရာင္ တိပ္ပတ္လွ်က္ ပလပ္စတစ္ အိပ္အတြင္းမွ ကမၻာလုံးတံဆိပ္ပါ ကပ္ခြာအိတ္အတြင္း တံဆိပ္မပါ စိတ္ႂကြ႐ုးသြပ္ေဆးျပားဟု ယူဆရေသာ ပန္းေရာင္ေဆးျပား(၁)ထုပ္လွ်င္ (၁၉၀)ျပားပါ အထုပ္ (၂၀)စီပါ အထုပ္ (၈) ထုပ္အား ၎၊ ပန္းေရာင္ေဆးျပား (၁)ထုပ္လွ်င္(၁၉၀)ျပားပါ အထုပ္(၃၀)ပါ တစ္ထုပ္ စုစုေပါင္း ကာလတန္ဖိုး (၁၀၈၃၀၀၀၀၀)က်ပ္တန္ဖိုးရွိ ေဆးျပား(၃၆၁၀၀)ျပား ႏွင့္ ၎အမ်ိဳးသမီး ကိုင္ေဆာင္ထားေသာ ႏိုင္ငံေရးစီစစ္ေရးကဒ္ျပား၊ လက္ကိုင္ဖုန္း တို႔ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕မွ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခဲ့ရာ အဆိုပါ အမ်ိဳးသမီး ခရီးသည္မွာ မေခါန္ထြဲ (၂၃)ႏွစ္ ဗန္းေမာ္ၿမိဳ႕၊ လွ်ပ္စစ္ကုန္းလမ္း၊ ၂မိုင္ရပ္ကြက္ေနသူျဖစ္ၿပီး ၎၏ အေဒၚရင္း ေတာ္စပ္သူ ေဒၚဆိုင္းမိုင္ (၄၀)ႏွစ္ (လိပ္စာတူ) မွ ျမစ္ႀကီးနားသို႔ သယ္ယူ၍ေရာက္ရွိပါက ဖုန္းျဖင့္ ဆက္သြယ္လာယူခိုင္းမည္ ျဖစ္ေၾကာင္းႏွင့္ ေနအိမ္သို႔ ျပန္ေရာက္ပါက သယ္ေဆာင္ခေငြ ရွင္းေပး မည္ဟု ေစလြတ္ခဲ့သျဖင့္ သယ္ေဆာင္ လာခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

လက္ရွိတြင္ အဆိုပါ ခရီးသည္ အမ်ိဳးသမီးငယ္ မေခါန္ထြဲ (၂၃)ႏွစ္ အား (ပ) အမွတ္ မယ(ပ)၈/၂၀၂၀ ၊ မူးယစ္ေဆးဝါးဥပေဒပုဒ္မ ၁၉(က)/၂၁ ျဖင့္ ပလန (နယ္ေျမရဲစခန္း)တြင္ အမႈဖြင့္ အေရးယူထားၿပီး မူးယစ္ေဆးဝါး သယ္ေဆာင္ရန္ ေစခိုင္းသည့္ ေဒၚဆိုင္းမိုင္ (၄၀)ႏွစ္ ဆိုသူအားလည္း ဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သူသူ

Photo – ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မႈး႐ုံး

#PeopleMedia #ျမစ္ႀကီးနား

(unicode)
မြစ်ကြီးနားတွင် ခရီးသည် အမျိုးသမီးထံမှ ငွေကျပ်သိန်း တစ်ထော င်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
…………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီး ပေါ်တွင် ယမန်နေ့ ညနေပိုင်းက ခရီးသည် အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိခဲ့ ကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ မှ သိရသည်။

ဗန်းမော်မြို့မှ မြစ်ကြီးနားဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင် လာကြောင်း သတင်းအရ စီတာပူရဲကင်း စခန်းက ဒုရဲအုပ် အောင်ဝင်းသန်း နှင့် အဖွဲ့က စုံစမ်းရှာဖွေ စစ်ဆေးနေရာ သြဂုတ်လ ၁၈ ရက်နေ့၊ ညနေ (၄)နာရီခွဲ အချိန်ခန့်က တပ်ကုန်း ရပ်ကွက်၊ ရွှေလမ်းမကြီးပေါ် ဟူးကောင်းဟိုတယ် ရှေ့တွင် အဆိုပါ ခရီးသည် အမျိုးသမီးကို တွေ့ရှိခဲ့ပြီး ၎င်းကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်း၏ ခရီးဆောင် အိတ်အတွင်း အဝါရောင် တိပ်ပတ်လျှက် ပလပ်စတစ် အိပ်အတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ ကပ်ခွာအိတ်အတွင်း တံဆိပ်မပါ စိတ်ကြွရုးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား(၁)ထုပ်လျှင် (၁၉၀)ပြားပါ အထုပ် (၂၀)စီပါ အထုပ် (၈) ထုပ်အား ၎င်း၊ ပန်းရောင်ဆေးပြား (၁)ထုပ်လျှင်(၁၉၀)ပြားပါ အထုပ်(၃၀)ပါ တစ်ထုပ် စုစုပေါင်း ကာလတန်ဖိုး (၁၀၈၃၀၀၀၀၀)ကျပ်တန်ဖိုးရှိ ဆေးပြား(၃၆၁၀၀)ပြား နှင့် ၎င်းအမျိုးသမီး ကိုင်ဆောင်ထားသော နိုင်ငံရေးစီစစ်ရေးကဒ်ပြား၊ လက်ကိုင်ဖုန်း တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ အဆိုပါ အမျိုးသမီး ခရီးသည်မှာ မခေါန်ထွဲ (၂၃)နှစ် ဗန်းမော်မြို့၊ လျှပ်စစ်ကုန်းလမ်း၊ ၂မိုင်ရပ်ကွက်နေသူဖြစ်ပြီး ၎င်း၏ အဒေါ်ရင်း တော်စပ်သူ ဒေါ်ဆိုင်းမိုင် (၄၀)နှစ် (လိပ်စာတူ) မှ မြစ်ကြီးနားသို့ သယ်ယူ၍ရောက်ရှိပါက ဖုန်းဖြင့် ဆက်သွယ်လာယူခိုင်းမည် ဖြစ်ကြောင်းနှင့် နေအိမ်သို့ ပြန်ရောက်ပါက သယ်ဆောင်ခငွေ ရှင်းပေး မည်ဟု စေလွတ်ခဲ့သဖြင့် သယ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် အဆိုပါ ခရီးသည် အမျိုးသမီးငယ် မခေါန်ထွဲ (၂၃)နှစ် အား (ပ) အမှတ် မယ(ပ)၈/၂၀၂၀ ၊ မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် ပလန (နယ်မြေရဲစခန်း)တွင် အမှုဖွင့် အရေးယူထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရန် စေခိုင်းသည့် ဒေါ်ဆိုင်းမိုင် (၄၀)နှစ် ဆိုသူအားလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သူသူ

Photo – ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံး

#PeopleMedia #မြစ်ကြီးနား


Share this post