• Follow Us on

Home KNU၊ KNLA နှင့် PDF များ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

KNU၊ KNLA နှင့် PDF များ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၉

 

KNU၊ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်တို့အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

KNU၊ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်အား ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါ ဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင် ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

 

ထိုသို့ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် အဆိုပါဒေသအား တပ်မတော်စစ်ကြောင်းများက အဆင့် ဆင့်ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ ယနေ့တွင် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသ တည်ငြိမ်း အေးချမ်းလျက်ရှိနေပြီဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည် အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်ကူညီကယ်ဆယ်ရေး လုပ်ငန်းများညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post