• Follow Us on
Latest News

Home တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးကဆင်းပေးဖို့ တောင်းဆိုဆန္ဒပြခံနေရ

တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးကဆင်းပေးဖို့ တောင်းဆိုဆန္ဒပြခံနေရ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံမှာ တင်းကျပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြမှုတွေ မနေ့ညက စတင်ထွက်ပေါ်လာခဲ့ပါ တယ်။

ရှီကျင့်ဖျင် ရာထူးက ဆင်းပေးဖို့နဲ့ တစ်ပါတီအုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ရှန်ဟိုင်းက ဆန္ဒပြသူ တွေကို ငရုတ်ကောင်း ဖြန်းဆေးသုံးပြီး ရဲတွေက မောင်းထုတ်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာတော့ လူတွေက တူညီတဲ့နေရာကို ထပ်ပြီး စုရုံးခဲ့ကြပါတယ်။

သောကြာနေ့က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ မြို့တော် ဘေဂျင်းအပါအဝင် မြို့ကြီးတွေ အများစုကို ပျံ့နှံသွား ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အာဏာရပါတီကို ဆန့်ကျင်တဲ့ အကြီးမားဆုံးဆန္ဒပြမှုတွေ ဖြစ်ပွားနေတာဖြစ်ပါ တယ်။

သုံးလနီးပါကြာ လော့ဒေါင်းချခံထားရတဲ့ ရှင်ကျန်းဒေသက အဆောက်အအုံ မီးလောင်မှုအတွင်း လူ ၁၀ ဦး သေဆုံးသွားခဲ့ပြီးနောက် တင်းကျပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စတင်ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသွားသူတွေဟာ အခင်းဖြစ်ပွားချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကြောင့် တိုက်ခန်းတွေကို သော့ခတ်ထားခဲ့လို့ ထွက်မပြေးနိုင်ဘဲ သေဆုံးခဲ့တာလို့ဆိုတဲ့ ထင်ကြေးပေးမှုတွေဟာ တရုတ်လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေပါတယ်။

ကိုဗစ်ကန့်သတ်မှုအရ လူနေအဆောက်အအုံတွေကို ပိတ်ဆို့ထားတာကြောင့် မီးဘေးသင့်သေဆုံးခဲ့ရတာလို့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေကိုအပြစ်တင်ပြောဆိုနေသလို အခုလို လူစုလူဝေးအုံကွမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် ကိုဗစ်စည်းမျဉ်းတွေကို သတ်မှတ်ထားတဲ့ သမ္မတကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ကိုးကား – AP

ref; Crowd angered by lockdowns calls for China’s Xi to step down

#PeopleMedia

(unicode)
တရုတျသမ်မတ ရှီကငြ့ျဖငြျ ရာထူးကဆငျးပေးဖို တောငျးဆိုဆန်ဒပွခံနရေ
…………………………………………









ref; Crowd angered by lockdowns calls for China’s Xi to step down

#PeopleMedia


Share this post