• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မြန်မာနေရှင်နယ်ပို့စ်သတင်းဌာန အယ်ဒီတာ ကိုနောင်တော်လေးအား ဦးစိုးမောင်မှ ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် တိုင်ကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၈

 

ရန်ကုန်ုတိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ တောင်သူများ၏ အခြေအနေနဲ့ပတ်သက်၍ သတင်းဖော်ပြမှု ပြုလုပ်ခဲ့သော မြန်မာနေရှင်နယ်ပို့စ်သတင်းဌာန အယ်ဒီတာ ကိုနောင်တော်လေးအား ဦးစိုးမောင်မှ  ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် တိုင်ကြားမှု ပြုလုပ်ခဲ့သည်။

 

မြန်မာနေရှင်နယ်ပို့စ် သတင်းဌာန အယ်ဒီတာ ကိုနောင်တော်လေးသည် လှည်ကူးမြို့နယ်ရှိ တောင်သူများကို အင်တာဗျူးဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းတွင် ကိုနောင်တော်လေးနှင့် တောင်သူ (၂)ဦးအား ဆက်သွယ်ရေးဥပဒေဖြင့် နိုင်ငံရေးပါတီဥက္ကဌဖြစ်သူတစ်ဦးက အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

 

အထက်ပါ အခြေအနေနှင့်ပတ်သက်၍ ကိုနောင်တော်လေးက “ဘုရားကုန်း ရဲစခန်းက ဆက်သွယ်အကြောင်းကြားတဲ့အတွက် ကျွန်တော် သွားရောက်ပြီး ထွက်ချက်ပေးရပါတယ်။ ရဲစခန်းကတော့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုလုပ်တယ်။ ကျွန်တော်ကလည်း တောင်သူများရဲ့ နစ်နာမှုများနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြတိုင်ကြား အသနားခံထားတဲ့ အခြေအနေကို ဖော်ပြပေးခဲ့တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ တိုင်ကြားထားသူ ရှိတော့လည်း ရဲလုပ်ငန်းစဉ်အရ ဆက်လုပ်မှာပေါ့။ ကျွန်တော့်ဆီက ထွက်ချက်ယူပြီးရင် လှည်းကူးက တောင်သူတွေဆီကလည်း ထွက်ချက်ယူရအုံးမယ်။ တောင်သူတွေမှာ ပိုပြီး ဒုက္ခရောက်တာပေါ့ဗျာ။ လှည်းကူးမှာလည်း အမှုဖွင့်ခံထားရတယ်။ အခုတခါ နေပြည်တော်မှာလည်း အမှုထပ်ဖွင့်ခံရပြန်ပြီပေါ့။ တောင်သူတွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ တင်ပြအသနားခံထားတာရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံကို တင်ပြတဲ့အခါမှာ NDF ပါတီက အကိုတွေက ကူညီပေးနေတယ်လို့ သိရတယ်။ ရန်ကုန်တိုင်းဘက်က ဦးသိန်းဦးတို့ရဲ့ အသနားခံတင်ပြစာနဲ့ပတ်သက်ပြီး လှည်းကူးခရိုင်ကနေ အကြောင်းပြန်ထားတာကတော့ ပိုင်ဆိုင်မှု အထောက်အထားများနဲ့ ဆက်လက်ဖြေရှင်းသွားရန်ဆိုပြီး အကြောင်းပြန်ထားတယ်လို့ တောင်သူတွေက ဆက်သွယ်ပြောဆိုထားပါတယ်။” ဟု ပြောသည်။

 

 

လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ နစ်နာသူ ပြည်သူများ၏ အကူအညီတောင်းခံမှုအပေါ်  ဖော်ပြပေးလျက်ရှိကြောင်း၊ ၎င်းအနေဖြင့် တည်ဆဲ ဥပဒေများနဲ့အညီ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း  ကိုနောင်တော်လေးက ပြောဆိုသည်။

 

#PeopleMedia


Share this post