• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home မင်္ဂလာဒုံမြို့နယ်၌ စက်ဘီးအား ခရီးသည်တင် မော်တော်ယာဉ်မှ ၀င်တိုက်မိရာမှ စက်ဘီးစီးလာသူ အမျိုးသား သေဆုံး

မင်္ဂလာဒုံမြို့နယ်၌ စက်ဘီးအား ခရီးသည်တင် မော်တော်ယာဉ်မှ ၀င်တိုက်မိရာမှ စက်ဘီးစီးလာသူ အမျိုးသား သေဆုံး

Share this post

နေပြည်တော်၊ နို၀င်ဘာ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ စက်ဘီးတစ်စီးအား ခရီးသည်တင် မော်တော်ယာဉ်တစ်စီးမှ ၀င်တိုက်မိရာမှ စက်ဘီးစီးလာသူ အမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူဉာဏရပ်ကွက်နေ ဦးမင်းမင်း(ခ)မင်းနိုင်(၄၉)နှစ် စီးနင်းလာသော စက်ဘီးသည် အခင်းဖြစ်နေရာအရောက်၌ လမ်းဝဲဘက်သို့ ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်ဘက်မှ အမှတ်(၃)လမ်းအတိုင်း တောင်မှမြောက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ကိုလှမြင့်အောင်(၃၉)နှစ် မောင်းနှင်လာသည့် YGN-3/5Q-XXXX SCANIA ခရီးသည်တင် မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမင်းမင်း(ခ)မင်းနိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့‌ကြောင်း သိရသည်။

 

သို့ဖြစ်၍ စက်ဘီးအား မဆင်မခြင် ချိုးကွေ့စီးနင်းသူ မင်းမင်း(ခ)မင်းနိုင်နှင့် မော်တော်ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ လှမြင့်အောင်တို့ နှစ်ဦးအား ထောက်ကြန့်နယ်မြေရဲစခန်း ယာဉ်(ပ) ၂၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

#PeopleMedia


Share this post