• Follow Us on
Latest News

Home ကန့်ဘလူမြို့တွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကန့်ဘလူမြို့တွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ များနှင့် PDF တို့အပြန်အလှန်ပစ်ခတ်ရာတွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိကြောင်း သိရသည်။

 

သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့မှ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ် သရက်ခေါင်းကျေးရွာအနီးတွင် PDF များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိ ရသည်။

 

ထိုပစ်ခတ်မှုကြောင့် PDF အလောင်း ၃ လောင်း၊ လက်လုပ်၁၂ ဗိုသေနတ် ၁ လက်၊ လက်လုပ်တစ်တောင့်ထိုး သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ ၁၂ ဗိုကျည် ၃ တောင့်၊ အမ်-၂၂ ကျည် ၁၀ တောင့်၊ ၅.၅၆ မမ ကျည် ၃ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၂ လုံးနှင့် လက်လုပ်မိုင်း ၅ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post