• Follow Us on
Latest News

Home ကန့်ဘလူမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ကန့်ဘလူမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဖလုံချိုင်ကျေးရွာအနီးရှိ “အကျွတ်အလွတ် ဘုန်း ကြီးကျောင်း” သို့ လုံခြုံရေးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းရာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိ ရသည်။

 

သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် “အကျွတ်အလွတ်ဘုန်းကြီးကျောင်း” သို့ လုံခြုံရေးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းရာတွင် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည်များမှာ လက်လုပ် ၁၂ ဗိုသေနတ် ၃ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ်ခါးချိုး ၄၀ မမသေနတ် ၁ လက် ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လက်၊ အမ်-၂၂ ကျည် ၁၁၆ တောင့် ၊ ၅.၅၆မမကျည် ၁၄၅ တောင့်၊ ကာဘိုင်ကျည် ၁၅ တောင့် ၊ ၁၂ ဗိုကျည် ၁၀တောင့်၊ S/Nအမျိုးအစား စနိုက်ပါကျည် ၂၀ တောင့် ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ ဒရုန်းဘက္ထရီပတ် ၁ ခု ၊ ကီးပတ်ဖုန်း ၃ လုံး၊ အိုင်ကွန် ၈ လုံး၊ အိုင်ကွန်အားသွင်းခုံ ၇ ခု ၊ မှန်ပြောင်း ၁ ခု၊ ပြောက်ကျားယူနီဖောင်း ၁ စုံ နှင့် လက်မောင်း တံဆိပ် ၄ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post